MELBET
အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

The Wind Will Carry Us: Abbas က ဝတ္တုတွေထက် ကဗျာတွေက ခံစားချက်အပေါ် သက်ရောက်မှုပိုများတယ်လို့ ယုံတဲ့လူမျိုးပဲ။ The Wind Will Carry Us ဆိုတဲ့ နာမည်ရော ဒီကားထဲက ကဗျာစာသားတွေကိုရော သူက ကဗျာတစ်ပုဒ်ကနေ ယူသုံးထားတယ်။ Poetic Cinema ဟာ ဇာတ်ကြောင်းပြောရုံသက်သက်ရုပ်ရှင်တွေထက် ခေတ်ရဲ့တိုက်စားမှုကို ခံနိုင်မယ်လို့ သူက ယုံခဲ့တယ်။ သူ့အိမ်က စာကြည့်ခန်းထဲမှာဆိုလည်း ဝတ္တုစာအုပ်တွေဟာ အသစ်ကျပ်ချွတ်လိုကိုဖြစ်နေတယ်တဲ့။ ဝတ္တုတွေကို သူတစ်ခါလောက်ပဲဖတ်ပြီး ဂျောင်ထိုးထားတာမလို့လို့ပြောတယ်။ သူ့ကဗျာစာအုပ်တွေဆို သူထပ်ခါထပ်ခါ ဖတ်လွန်းလို့ ထောင့်ဘက်တွေဆို ပြုတ်ထွက်နေပြီတဲ့။“ကဗျာက ကိုယ့်ဆီကနေ အမြဲထွက်ပြေးနေတယ်။ ဖမ်းဆုပ်ဖို့ ခက်တယ်။ ဖတ်လိုက်တိုင်း ကိုယ့်စိတ်အခြေအနေကိုမူတည်ပြီး ဖမ်းဆုပ်မိတဲ့အရာက တူမှာမဟုတ်ဘူး။ ဝတ္တုတွေကတော့ ဖတ်လိုက်တာနဲ့ ဖမ်းဆုပ်မိတယ်တဲ့။ ဝတ္တုတိုင်းကိုတော့ မဆိုလိုဘူးပေါ့။ ကဗျာအနှစ်သားဝင်နေတဲ့ ဇာတ်လမ်းမျိုးတွေလည်းရှိသလို ဝတ္တုနဲ့တူနေတဲ့ ကဗျာတွေလည်းရှိတယ်။ ကျောင်းမှာ ကျုပ်တို့ကျက်ရတဲ့ ကဗျာတွေကတော့ ပိုးဖလံတို့ ပင့်ကူတို့ ဘာတို့အကြောင်းရေးထားတာတွေပေါ့။ ဒီကဗျာတွေကတော့ ကျုပ်တို့ကို ကဗျာရဲ့အရသာအစစ်ကို သင်ပေးဖို့ ထည့်ထားတဲ့ ကဗျာတွေတော့မဟုတ်ဘူးပေါ့။ ဒီကဗျာတွေက ကျုပ်တို့ကို ကဗျာကနေတစ်ဆင့် လူကောင်းသူကောင်းတွေဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးဖို့ပါပဲ” လို့လည်း ဆိုခဲ့တယ်။ ဆိုရရင် ဒီစကားကိုကြည့်ရုံနဲ့တင် Abbas က တကယ့်ကဗျာသမားအစစ်လို့ ကျွန်တော်တို့ခံစားမိလောက်တယ်။ သူက ဒါရိုက်တာအပြင် ကဗျာဆရာလည်းဟုတ်တယ်။ သူ့ရုပ်ရှင်တွေကို ကဗျာဆန်ဆန်ရိုက်ချင်တဲ့လူမျိုးပေါ့။ ဒီတော့ ကျွန်တော်တို့အနေနဲ့လည်း သူ့ရုပ်ရှင်တွေကို ကဗျာတစ်ပုဒ်လိုပဲ ဖတ်လို့ရနိုင်မယ်။Abbas ရဲ့တင်ဆက်ပုံက အင်မတန်ရိုးရှင်းပြီးကို အံ့ဩဖို့ကောင်းတယ်လို့ပြောရမယ်။ ဥပမာ Where Is the Friend’s House? ဆိုတဲ့ ရုပ်ရှင်ဆိုပါစို့။ သူ့ဇာတ်ကြောင်းက ရှင်းရှင်းလေးလိုပဲ။ ကောင်လေးတစ်ယောက် သူ့သူငယ်ချင်းကျောင်းထုတ်ခံရမှာကို စာနာတဲ့စိတ်နဲ့ ဒုက္ခခံပြီး သူ့သူငယ်ချင်းအိမ်ကို မရောက်ရောက်အောင်သွားရှာတယ်။ စာနာတရားအကြောင်း လှလှပပလေးပြသွားတယ်။ ဒါပေမဲ့ တစ်ဘက်မှာတော့ ကောင်လေးရဲ့ မစာနာနိုင်မှုကိုပါ ထည့်ပြသွားတယ်။ ကောင်လေးက လမ်းမှာ အဘိုးကြီးတစ်ယောက်နဲ့တွေ့တယ်။ အဘိုးကြီးက တံခါးတွေကို အနုပညာတစ်ခုလို လုပ်ခဲ့ပေမဲ့ လူတွေက အခုသူ့တံခါးတွေကို ဖျက်ပြီး ခိုင်မာတဲ့သံတံခါးကြီးတွေနဲ့ အစားထိုးနေတာကို မြင်နေရတယ်။ သူ့ကိုစာနာပေးမယ့်သူလည်းမရှိဘူး။ နာကျင်နေရတယ်။ ကောင်လေးက အဘိုးကြီးဆီရောက်လာတော့ ကောင်လေးကို အဘိုးကြီးက သူ့တံခါးတွေကို သူဘယ်လိုလုပ်ခဲ့ကြောင်း၊ ဘယ်မှာသူ့တံခါးတွေရှိသေးကြောင်း၊ မြို့ကိုရောက်ရင်လည်း သူ့တံခါးတွေကို သူလိုက်ရှာသေးကြောင်း၊ ရှာမတွေ့တော့ကြောင်းပြောပြတယ်။ အပြန်ကျ အဘိုးကြီးက ကောင်လေးကို သူလုပ်ခဲ့တဲ့တံခါးတွေကို ပြချင်သေးလို့ တခြားလမ်းက သွားချင်ပေမဲ့ ကောင်လေးက နောက်ကျနေပြီဆိုပြီး ပိုမြန်မယ့်လမ်းကပဲသွားချင်ခဲ့တယ်။ အဘိုးကြီးနှေးနေတာကိုလည်း အားမလိုအားမရဖြစ်နေခဲ့တယ်။ ဒါက ကောင်လေးရဲ့ မစာနိုင်ခြင်းအကြောင်းပဲ။ ကောင်လေးက သူ့သူငယ်ချင်းအတွက်အိမ်စာရေးပေးချင်လို့ မြန်မြန်ပြန်ချင်တာ ဖြစ်နိုင်ပေမဲ့ သူ့သူငယ်ချင်းဝေဒနာထက် အများကြီးပိုကြီးတဲ့ အဘိုးကြီးရဲ့ဝေဒနာကိုတော့ သူနားမလည်လို့ မစာနိုင်ခဲ့ဘူး။ ကျွန်တော့်အမြင်အရတော့ ဒီရုပ်ရှင်က စာနာခြင်းရော မစာနာခြင်းရောမဟုတ်တဲ့ စာနာတရားဆိုတာ ဘယ်လိုမျိုးလဲလို့ မေးခွန်းထုတ်ထားတဲ့ ရုပ်ရှင်ပဲ။ ဒါကို Abbas က ရိုးရိုးလေးနဲ့ ပြသွားတယ်။
The Wind Will Carry Us ကတော့ ဒီထက်နည်းနည်းပို Abstract ပိုဆန်သွားပြီလို့ မြင်တယ်။ The Wind Will Carry Us က တော်တော်လေးပိုဝေဝါးသွားပေမဲ့ ကျွန်တော့်အမြင်အရတော့ “အကျိုး” “အမြတ်” ” အကောင်း” “အဆိုး”တွေအကြောင်းပါပဲ။အကောင်းနဲ့အဆိုးကို ဘယ်လိုပိုင်းခြားလဲ ငါကောင်းကောင်းမသိဘူး။ ဒွန်တွဲလျက်ရှိနေတယ်လို့တော့ ပြောကြတာပဲ။ ကောင်းတဲ့လူတွေလည်း အမြဲတမ်းမကောင်းနိုင်။ ဆိုးတဲ့လူတွေလည်း အမြဲတမ်းမဆိုးနိုင်။ ဒါပေမဲ့လည်း အကောင်းဘက်ကို ပိုသွားတဲ့လမ်းကြောင်းများစွာကို ငါတို့ကြိုးစားရှာဖွေခဲ့ကြတယ်။ ငါမသိဘူး။ တစ်ခါတလေပေါ့။ လမ်းလွဲခဲ့ကြတယ်။ အားလုံးမကောင်းကြပါဘူး။ ဒါပေမဲ့ အားလုံးအကောင်းဘက်ကို သွားချင်ကြတယ်။ အားလုံးနီးပါးပေါ့။ တစ်ယောက်ကပြောတယ်။ အားလုံးဟာ အကျိုးအမြတ်အတွက်ပဲတဲ့။ ဟုတ်မှာပါ။ ဒါပေမဲ့လည်း ဘာမှမကောင်းတာထက်စာရင် ဘယ်လိုပဲဖြစ်ဖြစ်ကောင်းနေသေးတာကိုက တော်ပါသေးတယ်။ ခင်မောင်ရင် စကားကိုလည်း ငါပြေးမြင်တယ်။ “ဘဝနေရန်အတွက် အနုပညာကိုချစ်ခြင်းသည် လူတစ်ယောက်ကို လူကောင်းဖြစ်စေသည်” တဲ့။ ဒါပေမဲ့လည်း ငါတို့လူ့ဘောင်ရဲ့ စံနှုန်းအရဆိုရင် ဒါလည်းပဲ တော်တော်မှားသွားလိမ့်မယ်။ ဘောင်မရှိတဲ့အနုပညာသမားတွေက ငါတို့လူစံနှုန်းအရတော့ ကောင်းတယ်လို့ လူမြင်စရာဖြစ်နေမှာမဟုတ်ဘူး။ သူ့စံနှုန်း သူ့ရပ်တည်ချက်နဲ့တော့ မသွေဖီကြဘူး။ ထားပါ။ ဘရိတ်လေးတစ်ခုပေါ့။ တစ်ခါတလေ အကျိုးအမြတ်ကိုဦးတည်တဲ့စိတ်ဓာတ်ကို အနုပညာက ဘရိတ်အုပ်ပေးနိုင်လောက်တယ်။ ကောင်းလာတာလည်းဖြစ်နိုင်တယ်။ မကောင်းလာတာလည်းဖြစ်နိုင်တယ်။ တတ်နိုင်သလောက် ကြိုးစားကြည့်ခဲ့ကြပါတယ်။ ဘာမှရစရာမရှိတော့ရင်တောင်မှ အတတ်နိုင်ဆုံးပေါ့။ အားလုံး ခဏလေးပါ။ ကမ္ဘာကြီးမလည်တော့လည်း လိုတာထက်ပိုတာတွေကို မမက်နဲ့ပေါ့။ အကြောက်တရားဟာ ငါတို့ကို အဆိုးဆီ ဦးတည်စေလိမ့်မယ်။ ဘာကိုပဲဆုံးရှုံးရ ဆုံးရှုုံးရ မကြောက်ဖို့ပါပဲ။ ကမ္ဘာဟာ ဘယ်လိုပဲ ကွေ့ကောက်ကွေ့ကောက် ငါတို့သွားရမယ့်ဆီ “လေတွေက ငါတို့ကို ခေါ်ဆောင်သွားလိမ့်မယ်”…

Irreverent city engineer Behzad comes to a rural village in Iran to keep vigil for a dying relative. In the meanwhile the film follows his efforts to fit in with the local community and how he changes his own attitudes as a result.

Show more...