A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

The Wailing : Exhuma 2024 သရဲကားထွက်ရှိပြီးနောက်မှာ The Wailing က ပိုကောင်းတယ် …တစ်မျိုးစီကောင်းကြတယ် စသည်ဖြင့် အမျိုးမျိုး ထင်မြင်ချက်ပေးလာကြတဲ့အခါမှာတစ်ချို့ကလည်း The Wailing ကိုပြန်ကြည့်ချင်ကြသလို မကြည့်ရသေးတဲ့သူတွေအတွက်လည်း
အဆင်ပြေစေရန်အလို့ငှါ BluRay အကောင်းစားဖြင့် ပြန်ကုတ်ပေးထားပြီး အခြားလိုအပ်ချက်များလည်းပြည့်စုံစေရန်ဖြည့်ဆည်းပေးထားပါတယ်…Horror ကားကြိုက်သူများခံစားကြပါကုန်….တောင်ကိုရီးယားနိုင်ငံရဲ့တစ်နေရာမှာ တည်ရှိတဲ့ ကျေးရွာလေးတစ်ခုမှာ ဇာတ်လမ်းကို စတည်ထားတယ်။ထိုရွာလေးနာမည်ကတော့ Goksung တဲ့။ ထိုမြို့လေးဟာ အတော်အတန်သင့်သာယာတဲ့ရွာလေးဆိုရင်လည်း မမှားဘူးပေါ့။ တောတွေ တောင်တွေနဲ့ကာရံထားပြီး မြစ် ချောင်းအင်းအိုင်လေးတွေလည်း ရှိတော့ ပိုအေးချမ်းတာပေါ့။ ဒါပေမဲ့ ခုရက်ပိုင်းမှာ ရွာထဲကို Japanese အဖိုးကြီးတစ်ယောက်ရောက်လာပြီးနောက်ပိုင်းမှာ ကောလဟာလတွေ ထွက်လာတယ်။ မိုးတွေစွေနေတဲ့ အေးချမ်းတဲ့ အာရုဏ်ဦးဟာ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ ရဲသား Jong-goo အတွက်တော့စိတ်အနှောက်အယှက်ဖြစ်စရာတစ်ခုပဲ။ မနက်စောစော ရွာထဲမှာ လူသေမှုဖြစ်လို့ဆိုပြီးသူအခင်းဖြစ်ပွားရာနေရာကို သွားရောက်ခဲ့သောအခါ မြင်ရတဲ့ မြင်ကွင်းက စိတ်ခြောက်ခြားစရာပါ။သွေးတွေသံတွေနဲ့ရဲရဲနီနေတဲ့ လူ့အလောင်းတွေ နဲ့အရာရာကို သိနိုင်နားလည်နိုင်စွမ်းမရှိတော့တဲ့မိသားစုဝင် လူသတ်သမားတစ်ယောက်။ အလားတူဖြစ်ရပ်မျိုးတွေဟာ သူတို့ရွာမှာဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာပါတော့တယ်။ ဆေးစစ်ချက်တွေအရနဲ့ဆရာဝန်တွေရဲ့ပြောကြားချက်အရဆိုရင်တော့သူတို့ရွာမှာ အလေ့ကျပေါက်လေ့ရှိတဲ့ မှိုအမျိုးအစားတစ်ချို့ကို လူတစ်ချို့စားသုံးမိပြီးစိတ်ဖောက်ပြန်ကာ မိမိရဲ့မိသားစုဝင်တွေကို ရက်ရက်စက်စက်သတ်ဖြတ်ပစ်တယ်လို့ကောက်ချက်ချပစ်လိုက်ကြတယ်။ရှေးဆန်တဲ့ လူတစ်ချို့ကတော့ မယုံကြည်ကြဘူးပေါ့။ ဒီကြားထဲ ရွာထဲက မုဆိုးတစ်ယောက်ကသူတောထဲမှာ ထို Japanese အဖိုးကြီးက ကိုယ်တီးလုံးနဲ့သမင်တစ်ကောင်ရဲ့အသားကိုအစိမ်းလိုက်စားနေတာကို တွေ့လိုက်ရတယ်လို့ပြောလာတဲ့ သတင်းတစ်ခုကလည်း ထွက်လာတယ်။တစ်ချို့ကလည်း ပြောကြတယ်။ မြစ်ကမ်းဘေးမှာ အဝတ်လာလာလှမ်းလေ့ရှိတဲ့ အမျိုးသမီးတွေထဲကတစ်ယောက်ကို ထိုအဖိုးကြီးက မတော်မတရားကျင့်လိုက်ပြီး ရွာထဲမှာ ထိုကဲ့သို့သတ်ဖြတ်ခြင်းဖြစ်ရပ်တွေ ဖြစ်လာတယ်လို့လည်း ဆိုလာကြပြန်တယ်။ဒီလိုကောလာဟလ မျိုးစုံထွက်ပြီးတဲ့နောက်မှာတော့……..

Show more...