A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Madgaon Express : IMDb 8/10 ရရှိထားတဲ့ ၂၀၂၄ အသစ်ထွက် ဘောလိဝုဒ်ကားသစ်လေးနဲ့မိတ်ဆက်ပေးပါရစေ။ဒီကားလေးကိုတော့ မင်းသား Kunal Khemu က ဒါရိုက်တာအဖြစ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဒိုဒို၊ အာယု့ရှ်နဲ့ ပင်ကူတိုဟာ ငယ်ဘဝကတည်းက တတွဲတွဲနဲ့ သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေပါ။သုံးယောက်ပေါင်းလောင်းကျော်လာကြတဲ့သူတို့ဟာ တစ်နေ့မှာတော့ မိန်းကလေးသူငယ်ချင်းတွေစီစဉ်နေတဲ့ဂိုအညခရီးအကြောင်းကြားပြီး ဂိုအာအိပ်မက်စမက်ကြပါတော့တယ်။ ဒါပေမဲ့လည်း ငယ်လို့၊ပိုက်ဆံမရှိလို့၊ ကျန်းမာရေးမကောင်းလို့ စသည်ဖြင့် မသွားဖြစ်ခဲ့ကြတာအသက်တွေကြီး နိုင်ငံတွေဝေးပြီး တကွဲတပြားဖြစ်သွားတဲ့အထိပါပဲ။ငွေရေးကြေးရေးအဆင်ပြေတဲ့ ပင်ကူနဲ့ အာယု့ရှ်တို့ကတော့ နိုင်ငံခြားကိုရောက်ပြီးအောင်မြင်နေပေမဲ့ ဆင်းရဲတဲ့ ဒိုဒိုတစ်ယောက်ကတော့ ရရာအလုပ်လေးလုပ်ရင်း ဆိုရှယ်မီဒီယာကိုက်ရင်းကျန်နေခဲ့ပါတော့တယ်။ ဒီလိုနဲ့ ဆိုရှယ်မီဒီယာမှာ ပုံတွေပြင်၊ တင်ချင်ရာတင်ပြီး အတန်းရှင်းရှာရင်းနေလာရာကအမေရိကားရောက် ပင်ကူနဲ့ အာယု့ရှ်တို့ ပြန်လာမယ်ဆိုတဲ့အခါမှာတော့ ဒိုဒိုတစ်ယောက် ခေါင်းမီးတောက်နေရပါပြီ။ဒိုဒိုတစ်ယောက် ဆိုရှယ်မီဒီယာမှာတင်ထားတဲ့ လိမ်ဆင်တွေကိုဖုံးဖို့ မဖြစ်မြောက်ခဲ့တဲ့ ဂိုအာခရီးကို စီစဉ်ပြီးလိမ်ဆင်ပေါ်လိမ်ဆင်ထပ်ရင်းက ရာဇဝတ်မှုတွေနဲ့ပါပတ်သတ်မိသွားတဲ့အခါ….မီလီယံနာအယောင်ဆောင် ဒိုဒိုနဲ့ ကိုဆန်းဆန်းတင့် ပင်ကူ၊ နောက် ညှိနှိုင်းရေးသမားအာယု့ရှ်တို့ ဂိုအာခရီးမှာ ဘယ်လိုတိုင်ပတ်ကြမလဲဆိုတာကို ရယ်ရယ်မောမောလေး ကြည့်ရှုရမှာပဲဖြစ်ပါတယ်

Show more...