A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Drive-Away Dolls: No Country for Old Men ရုပ်ရှင်နဲ့ အော်စကာ ၄ ဆုရခဲ့တဲ့
ဒါရိုက်တာ Ethan Coen ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ဧည့်သည်သရုပ်ဆောင်အဖြစ် Pedro Pascal နဲ့Matt Damon တို့ ပါဝင်ပေးထားပြီး အဓိကသရုပ်ဆောင်
နေရာမှာတော့ Once Upon a Time… in Hollywood ထဲကMargaret Qualley နဲ့ Miracle Workers စီးရီးထဲကGeraldine Viswanathan တို့ ပါဝင်ထားပါတယ်။အက်ရှင် ဟာသ အမျိုးအစားပါ။ ဇာတ်လမ်းအကျဉ်း****************လက်စ်ဘီယံစုံတွဲနှစ်ယောက်ဟာ အပျော်ခရီးထွက်ဖို့အတွက်တစ်လမ်းသွား ကားတစ်စီးငှားပြီး ယူလာပါတယ်။တစ်လမ်းသွား ကားဆိုတာက ကားတစ်စီးကို လူတစ်ယောက်ဆီကိုပို့ဖို့ရှိရင် အဲဒီနေရာကို မောင်းသွားပြီး ယူပေးမယ်ဆိုရင်အခမဲ့ ငှားမောင်းခွင့်ရှိတာမျိုးပါ။ ဒါပေမဲ့ သူတို့ငှားမိတဲ့ ကားထဲမှာအရေးကြီးပစ္စည်းတွေ ပါလာတဲ့အတွက် လူမိုက်နှစ်ယောက်ကသူတို့နောက်ကိုလိုက်ရှာပါတော့တယ်။ အရေးကြီးတဲ့ပစ္စည်းဆိုတာလူတစ်ယောက်ရဲ့ ခေါင်းကြီးနဲ့ ရွှေပန်းအတုတွေ ပြည့်နေတဲ့သေတ္တာတစ်လုံးပါပဲ။ လူမိုက်တစ်စုက ဘာလို့ ရွှေပန်းသေတ္တာကိုအသေအလဲ လိုက်ယူနေတာလဲ၊ လက်စ်ဘီယံနှစ်ယောက်နဲ့ရွှေပန်းတု တစ်သေတ္တာ ဘယ်လိုစခန်းသွားကြမလဲဆိုတာတစ်ခွီးခွီးနဲ့ ကြည့်ရမဲ့ ဇာတ်လမ်းမျိုးပါ။

Show more...