The Theory of Everything (2014)
Imdb – 7.7 / Rotten Tomatoes 80%ဒီဘက်ခေတ်ရဲ့ အကြီးကျယ်အခမ်းနားဆုံး သိပ္ပံပညာရှင်တွေထဲကတစ်ဦးအဖြစ် လူသိများကြတဲ့ သီအိုရီရူပဗေဒပညာရှင် Stephen Hawking ရဲ့ အတ္ထုပတ္တိရုပ်ရှင်ဖြစ်တဲ့ ဒီဇာတ်ကားက Hawking ရဲ့ တက္ကသိုလ်ကျောင်းသားဘဝကစလို့ နာမည်ကျော်သိပ္ပံပညာရှင်ဖြစ်လာတဲ့အထိ သူ့ရဲ့ဘဝဇာတ်ကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။ Hawking အဖြစ်သရုပ်ဆောင်ထားတဲ့ Eddie Redmayne က ဒီဇာတ်ကားနဲ့ပဲ အော်စကာဆုကိုရရှိခဲ့ပါတယ်။
Stephen Hawking ရဲ့ Biopic ရုပ်ရှင်ဖြစ်ပေမဲ့ နားလည်ဖို့ခက်ခဲလွန်းတဲ့ Black Hole သီအိုရီတွေ Quantum တွေကိုအသားပေးထားတာမဟုတ်ဘဲ Hawking နဲ့ ဇနီးဖြစ်သူ Jane တို့အကြားက ချစ်ခြင်းမေတ္တာတရားတွေ၊ သံယောဇဉ်အနိမ့်အမြင့် အတက်အကျတွေနဲ့အတူ Hawking ခံစားနေရတဲ့ Motor Neuron ရောဂါကို နှစ်ဦးသားအတူရင်ဆိုင်ပြီး ဘဝကိုရှင်သန်ရှာဖွေခဲ့ကြပုံကို တင်ဆက်ထားတဲ့ ကြည်နူးဆွတ်ပျံ့ဖွယ်ဇာတ်လမ်းတစ်ပုဒ်လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ဇာတ်လမ်းအစကိုတော့ ၁၉၆၃ ခုနှစ်မှာ Cambridge တက္ကသိုလ်ကို Hawking စတင်ရောက်ရှိပြီး ဇနီးဖြစ်လာမဲ့ Jane နဲ့တွေ့ခဲ့ကြတာကနေ အစပြုထားပါတယ်။ တစ်ခေတ်မှာတစ်ယောက်ဆိုလောက်အောင် ဥာဏ်ကြီးသူဖြစ်ပြီး အလားအလယ်ကောင်းများစွာရှိနေတဲ့ Hawking ဟာ အသက်၂၁ နှစ်မှာ Motor Neuron လို့ခေါ်တဲ့ ကြွက်သားဆွေးမြည့်တဲ့ရောဂါဆန်းတစ်မျိုးကို ခံစားရပြီး ၂နှစ်ထက်ပိုပြီး အသက်ရှင်မှာမဟုတ်ဘူးလို့ ဆရာဝန်က မှတ်ချက်ပေးခဲ့ပေမဲ့ Jane က သူ့ကိုလက်ထပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်ယောက်သား ဘဝရဲ့အချိုးအကွေ့တွေကို အတူရင်ဆိုင်ဖို့အကြောင်းဖန်လာပါတော့တယ်။၂၀၁၄ ခုနှစ်ရဲ့ အကောင်းဆုံးရုပ်ရှင်ကားတွေထဲက တစ်ကားဖြစ်တဲ့ ဒီဇာတ်ကားမှာ အဓိကချီးကျူးရမှာက Stephen Hawking အဖြစ်သရုပ်ဆောင်တဲ့ Eddie Redmayne ရဲ့ performance အပြင် Cinematography နဲ့ နောက်ခံတေးဂီတလို့မြင်ပါတယ်။ ဒီရုပ်ရှင်ကို ရိုက်ကူးခဲ့သူ James Marsh ကို Stephen Hawking ကိုယ်တိုင်က Eddie Redmayne ရဲ့သရုပ်ဆောင်မှုကိုကြည့်ပြီး သူ့ကိုယ်သူပြန်ကြည့်နေသလို ခံစားမိတယ်လို့ အီးမေးလ်ပို့ပြီးဂုဏ်ပြုခဲ့ပါသေးတယ်။ရုပ်ရှင်ရဲ့ခေါင်းစဥ်ကို Theory of Everything လို့ပေးထားတာနဲ့ပတ်သက်လို့ အကြောင်းရင်းနှစ်ခုရှိမယ်လို့ထင်ပါတယ်။ ဇာတ်လမ်းထဲမှာ ရှင်းပြထားသလို ရူပဗေဒရဲ့ အရေးကြီးဆုံးထောက်တိုင်နှစ်ခုက General Relativity နဲ့ Quantum Theory ဖြစ်ပါတယ်။ General Relativity က အလွန်ကြီးမားတဲ့ဝတ္တုတွေဖြစ်တဲ့ ဂြိုလ်၊ကြယ်နဲ့ Galaxy တွေအပေါ်ပြဌာန်းပြီး Quantum က အလွန်သေးငယ်တဲ့ အီလက်ထရွန်၊ ဖိုတွန်နဲ့ အခြေခံအမှုန်တွေအပေါ် စိုးမိုးပါတယ်။ သီအိုရီနှစ်ခုက အခြေခံစည်းမျဥ်းအားဖြင့် တစ်ခုကိုတစ်ခု ဆန့်ကျင်သလိုဖြစ်နေတဲ့အတွက် သီအိုရီနှစ်ခုစလုံးကိုသုံးပြီး စကြဝဠာဖြစ်စဥ်တွေကိုရှင်းပြဖို့ကြိုးစားတဲ့နေရာမှာ အခက်အခဲတွေရှိလာတဲ့အတွက် ဒီသီအိုရီနှစ်ခုကိုပေါင်းစည်းပြီး လောကရဲ့ဖြစ်စဥ်အားလုံးကိုရှင်းပြနိုင်မဲ့ Theory of Everything ကိုရှာတွေ့ဖို့က Hawking အပါအဝင် ရူပဗေဒပညာရှင်တိုင်းရဲ့အိပ်မက်ဖြစ်ပါတယ်။ ဒီသီအိုရီရှာတွေ့ပြီးရင် Physics မှာ ရှာဖွေစရာကုန်ပြီလို့တောင် ပြောကြပါတယ်။ဒါကြောင့် ရုပ်ရှင်ကိုဒီခေါင်းစဥ်ပေးထားတာဖြစ်နိုင်သလို ဒုတိယတစ်ချက်က Stephen ရင်ဆိုင်နေရတဲ့ ရောဂါက တစ်နေ့တခြားဆိုးရွားလာရာကနေ ဇနီးဖြစ်သူနဲ့ မိသားစုအကြား ပဋိပက္ခတွေမြင့်တက်လာပြီး သူရှင်သန်နေရတဲ့ဘဝရဲ့ အဓိပ္ပာယ်သီအိုရီကိုလည်း တစ်ချိန်တည်းမှာ ရှာဖွေနေခဲ့ရပုံကို ရည်ညွှန်းထားတာလည်းဖြစ်နိုင်ပါတယ်။
The Theory of Everything is the story of the most brilliant and celebrated physicist of our time, Stephen Hawking, and Jane Wilde, the arts student he fell in love with while studying at Cambridge in the 1960s. Little was expected from Hawking, a bright but shiftless student of cosmology, after he was given just two years to live following the diagnosis of a fatal illness (ALS) at 21 years of age. He became galvanized, however, by the love Jane Wilde, and went on to be called the “successor to Einstein,” as well as a husband and father to their three children. Over the course of their marriage, however, as Stephen’s body collapsed and his academic renown soared, fault lines were exposed that tested the resolve of their relationship and dramatically altered the course of both of their lives. Written by The Times