A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

The Listener: ၂၀၂၄ မတ်လမှာအသစ်ထွက်ရှိထားတဲ့ The Listener ရုပ်ရှင်ဟာ
Drama အမျိုးအစားဖြစ်ပေမယ့် သည်းထိတ်ရင်ဖိုခံစားချက်ကိုလည်းခံစားရမှာဖြစ်ပါတယ်။ဒါရိုက်တာ Steve Buscemi ကရိုက်ကူးထားပြီး တစ်ကားလုံးကို
ဘတ်သ်အဖြစ်သရုပ်ဆောင်တဲ့မင်းသမီး Tessa Thompsonတစ်ယောက်တည်းနဲ့ရိုက်ကူးထားတာပါ။ဘတ်သ်ဟာ ညတိုင်းအမေရိကန်တစ်နိုင်ငံလုံးရဲ့နေရာအနှံ့ကဖုန်းတွေကိုလက်ခံဖြေကြားပေးရတဲ့ အကူအညီဖုန်းလိုင်းတစ်ခုမှာ စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်နေတာဖြစ်ပါတယ်။အထီးကျန်တဲ့လူတွေ၊ မျှော်လင့်ချက်ကင်းမဲ့နေသူတွေအစရှိသဖြင့်လူပေါင်းမျိုးစုံဆီကဖုန်းတွေကို နားထောင်ပေးပြီးသူတို့လိုအပ်တဲ့အကြံဉာဏ်တွေကို ဘတ်သ်က ပြန်ပေးလေ့ရှိပါတယ်။ ဇာတ်ကားကတော့ ကိုရိုနာပြီးခါစအချိန်ကိုအခြေခံထားတဲ့အတွက် ပြီးခဲ့တဲ့နှစ်ဟာ ဖုန်းခေါ်သူတွေအပြည့်နဲ့ဘတ်သ်အတွက် ပင်ပန်းခဲ့တဲ့နှစ်ဖြစ်လို့ ဘတ်သ်ဟာ စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်မှုကနေ အနားယူတော့မှာလည်းဖြစ်ပါတယ်။ ရုပ်ရှင်အစကနေအဆုံးအထိ ဘတ်သ်ရဲ့ဖုန်းခေါ်ဆိုမှုတစ်ညတာကိုရိုက်ကူးပြထားပြီး ဖုန်းတစ်လုံးနဲ့ဘတ်သ်ရဲ့ဇာတ်ဝင်ခန်းတွေသာပါဝင်ပေမယ့် လူပေါင်းမျိုးစုံဖုန်းဆက်ကြတဲ့အထဲမှာ ဘတ်စ်က တစ်စုံတစ်ယောက်ကိုကယ်တင်နိုင်မှာလား။တစ်စုံတစ်ယောက်ရဲ့အသက်ကိုလက်လွှတ်ဆုံးရှုံးလိုက်ရမှာလားဆိုတာ ရင်ဖိုစွာစောင့်မျှော်ကြည့်ရှု့ရမှာဖြစ်ပါတယ်။တခြားလူတွေရဲ့ဘ၀တွေကိုအကြံပေးဖုန်းပြောဆိုမှုတွေကနေဘတ်သ်ကိုယ်တိုင်ရဲ့ဇာတ်ကြောင်းကိုပါ ဖြည်းဖြည်းချင်းဖော်ထုတ်သွားတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ ဖုန်းတစ်လုံးနဲ့နှိမ့်သိမ့်ပေးနေတဲ့လူတကာပြောတာတွေနားထောင်ပေးနေတဲ့၊ လူတွေနဲ့ဆက်သွယ်စကားပြောနေတဲ့ဘတ်သ်နဲ့အတူ ရုပ်ရှင်ကိုလိုက်ပါစီးမျောခံစားကြည့်ရမှာပဲဖြစ်ပါတယ်။

Beth is a helpline volunteer – part of the small army that gets on the phone every night across America, fielding calls from all kinds of people feeling lonely, broken, hopeless. Over the last year the tide has become a tsunami. As Beth goes through her shift, the stakes rise: is this the night she will lose someone? Save someone? Eventually, Beth’s own story comes to light, revealing why she does it. All along we remain with her: listening, comforting, connecting – patching the world back together, one stitch at a time.

Show more...