A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

The Ice Harvest : ခရစ္စမတ်​ဇာတ်လမ်း​လည်းဖြစ်၊ Comedy​ အမျိုး​အစား​လည်း​ဖြစ်​ပေမဲ့ Home Alone လို ပျော်ရွှင်​ကြည်နူး​ရမှာမျိုးမဟုတ်ဘဲ မသတီစရာဇာတ်ကောင်တွေက မမျှော်လင့်​ထားတဲ့ အခင်းအကျင်းတွေမှာ ရုန်းကန်​ရှင်သန်​ဖို့ကြိုးစားပုံကို လက်ရာ​မြောက်​စွာ ရိုက်ကူး​တင်ဆက်​ထားတဲ့ Black Comedy​ / Crime ရုပ်ရှင်​ကောင်း​တစ်ခုဖြစ်​ပါတယ်။ John Cusack က အဓိက​ဇာတ်​ကောင်​ Charlie အဖြစ် သရုပ်ဆောင်​ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့​ Charlie က ကလိမ်​ကကျစ်ကျတဲ့ ရှေ့နေလူလည်ဖြစ်ပြီး Wichita မြို့​မှာနေထိုင်​ပါတယ်။ ​ခရစ္စမတ်အကြိုညမှာ Charlie နဲ့ Vic တို့နှစ်ယောက်သား ဒုစရိုက်​လုပ်ငန်း​ရှင်သူဌေး Bill ဆီက ဒေါ်လာ​နှစ်သန်းအလစ်သုတ်လာခဲ့ပြီး Bill မရိပ်မိခင် Wichita က လစ်ပြေးဖို့ကြံပေမဲ့ ရာသီဥတု​အခြေအနေကြောင့် ချက်ချင်း​ပြေး​လို့​မရဘဲ ခရစ္စမတ်​အ​ကြို​ညကို Wichita မှာပဲကုန်ဆုံးဖို့ဖြစ်လာပါတော့တယ်။ အဲဒီ​အချိန်​မှာ​ပဲ သူတို့​နှစ်ယောက်​ကို Bill​ ရဲ့တပည့်လူဆိုး Roy က စုံစမ်း​နေတာကို Charlie သိရှိသွားတဲ့အချိန်မှာတော့ ဘာတွေ​ဆက်​ဖြစ်​မလဲ ကြည့်ရှု​ရမှာ​ဖြစ်ပါတယ်။
ဇာတ်လမ်း​က ရှုပ်ထွေး​မှုမရှိပေမဲ့ ဇာတ်​ကောင်​တွေရဲ့စရိုက်ကြောင့် စိတ်မအီမသာဖြစ်တဲ့ ခံစား​မှု​မျိုး​ကိုပေးပြီး တစ်ချိန်​တည်း​မှာ Dark​ Humor တွေနဲ့အတူ Crime/Thriller​ ဇာတ်ကား​တစ်​ကား​ရဲ့ရသကိုလည်း ပေးနိုင်​တဲ့ဇာတ်ကားဖြစ်ပါတယ်။ ရုပ်ရှင်​တစ်ခု​လုံး​မှာ အပေါ်​ယံရွှေမှုန်ကြဲထားပေမဲ့ အတွင်း​မှာလှိုက်​စားပျက်စီးနေတဲ့ Wichita လူအဖွဲ့အစည်းကို ဖော်ညွန်းထားပြီး အဲဒီအသိုင်းအဝိုင်းကနေ ထွက်​ပြေးဖို့ကြိုးစားနေတဲ့ Charlie နဲ့ သူငယ်ချင်း​ဖြစ်သူ​ Pete ကို တွေ့မြင်​ရမှာဖြစ်ပါတယ်။ ရုန့်ရင်း​ကြမ်းတမ်း​တဲ့ စကားလုံး​တွေပါဝင်တာကြောင့် ကလေး​တွေ ကြည့်ရှုဖို့မသင့်ပါဘူး။

Larceny, lust and lethal behavior. In icebound Wichita, Kansas, it’s Christmas Eve, and this year Charlie Arglist just might have something to celebrate. Charlie, an attorney for the sleazy businesses of Wichita, and his unsavory associate, the steely Vic Cavanaugh have just successfully embezzled $2 million from Kansas City boss Bill Guerrard. But the real prize for Charlie is the stunning Renata, who runs the Sweet Cage strip club. Charlie hopes to slip out of town with Renata. But as daylight fades and an ice storm whirls, everyone from Charlie’s drinking buddy Pete Van Heuten to the local police begin to wonder just what exactly is in Charlie’s Christmas stocking – and the 12 hours of Christmas Eve are filled with surprises. Written by focus features

Show more...