“Lost Soulz” ရုပ်ရှင်ကားဟာ ဒါရိုက်တာ
Katherine Propper ရိုက်ကူးပြီး အမေရိကန်ဟစ်ဟော့ဂီတသမားများတွေရဲ့ စိတ်ကူးအိပ်မက်တွေနဲ့လမ်းမပေါ်က ခရီးစဉ်အကြောင်းကို ရိုက်ကူး
တင်ဆက်ထားတာဖြစ်ပါတယ်။ဖျော်ဖြေရေးခရီးထွက်လာတဲ့ Sol တို့ဘော်ဒါတစ်အုပ်ကကိုယ်တိုင်ရှာဖွေတွေ့ရှိမှုနဲ့ ပေါင်းစပ်ပြီး စွန့်စားခန်းတစ်ခုထွက်လာတာဖြစ်သလို သူတို့အချင်းချင်းကြားကစကားလုံးတွေမလိုဘဲ တေးဂီတဖန်တီးမှုကြောင့်ထူးခြားပျော်စရာကောင်းလာပြီး ခင်မင်ရင်းနှီးသွားကြတာဖြစ်ပါတယ်။ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆို အမိုက်စားကိုယ်ပိုင်ရက်ပ်သီချင်းတွေကို တဝကြီးခံစားရမှာဖြစ်သလို Sol နဲ့သူ့ရဲ့ဘော်ဒါတစ်သိုက်က ဂီတသံတွေနဲ့ သူ့ဘဝအကြောင်းတွေကို ထင်ဟပ်ပြသသွားမှာပါ။ဂီတရှုခင်းတွေ၊ အနုပညာကို အတူတကွ ဖန်တီးခြင်းတွေနဲ့အတူ လူအများကိုပျော်ရွှင်မှုပေးစွမ်းစေနိုင်တာကြောင့်စိတ်အေးလက်အေး ပေါ့ပေါ့ပါးပါး ကြည့်ရှုရမယ့်ရက်ပ်ဂီတရုပ်ရှင်ကားကောင်းတကားဖြစ်ပါတယ်။
Sol is an aspiring young rapper and musician, struggling to fund his studio sessions and living with his best friend Wesley’s family. When he meets a group of touring hip-hop musicians, Sol decides to take a chance, leaning into his creative dreams and impulsively joining them on a road trip through Texas. Leaving all that he knows behind, Sol embarks on a musical odyssey across the state, finding instant creative chemistry with his new companions and discovering his own identity as an artist. However, the world of opportunity is not all it appears to be, and soon Sol is forced to make some life-changing decisions. Written by olisilumea