A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Spider-Man: ဒီကားကတော့ Spider-Man ကိုသိတဲ့သူတွေရော မသိတဲ့ သူတွေကိုပါ ပထမဆုံးအကြိမ် မိတ်ဆက်ပေးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပါတယ်။ ပထမဆုံး Live Action Spider-Man ဇာတ်ကားက ပရိတ်သတ်ကို စိတ်ကျေနပ်မှုပေးနိုင်ခဲ့ပါတယ်။
အထူးသဖြင့် လူငယ် ပရိတ်သတ်တွေနဲ့ Comic စာအုပ်ပရိတ်သတ်တွေ အားပေးမှုကိုရှိခဲ့ပါတယ်။ ဒီကားက သာမန်အထက်တန်းကျောင်းသား Peter Parker ဘဝကနေ ဆယ်ကျော်သက် စူပါဟီးရိုး ဖြစ်လာပုံနဲ့ ရရှိထားတဲ့ စွမ်းအားတွေကို အဓိပ္ပာယ်ရှိရှိ အသုံးချဖို့ အတွက် တွန်းအားရလာပုံတွေကို အဓိက ရိုက်ကူးထားပါတယ်။Spider-Man ဖြစ်လာပုံကို အားလုံးသိပြီးသားဖြစ်ပါတယ်။ Oscorp ကုမ္ပဏီက Radioactive Spider အကိုက်ခံရပြီးနောက် စွမ်းအားတွေရလာတာဖြစ်ပါတယ်။ ဒီနေရာမှာ Spider-Man ရဲ့အကြောင်း အနည်းငယ်ပြောပြချင်ပါတယ်။ Spider-Man ကို Marvel က ကာတွန်းဆရာ Stan Lee ကစတင်မိတ်ဆက် ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးအကြိမ် သူ့ရဲ့ စိတ်ကူးကို ထုတ်ဝေသူကို ပြောပြချိန်မှာ ထုတ်ဝေသူက လက်မခံခဲ့ပါဘူး။ ဘာလို့လည်းတော့ ပင့်ကူဆိုတာ လူတိုင်း ကြောက်ကြတဲ့ သတ္တဝါဖြစ်သလို၊ ဆယ်ကျော်သက် စွမ်းအားရှင်ဆိုတဲ့ အချက်ကို အဲ့ဒီအချိန်က လူတွေလက်ခံမှာမဟုတ်ဘူးလို့ ထင်ခဲ့ပါတယ်။ဒါပေမယ့် Stan Lee က အဲ့ဒီအမြင်ကိုလက်မခံပဲ Spider-Man က လူငယ် စာဖတ်ပရိတ်သတ်ကို ဆွဲဆောင်နိုင်မယ်လို့ ယုံကြည်ခဲ့ပြီး၊ တကယ်စာအုပ်ထွက်လာတဲ့အခါမှာတော့ Spider-Man စာအုပ်က အကုန်ရောင်းကုန်ခဲ့ပြီး၊ Marvel ရဲ့ ရောင်းအားအကောင်းဆုံး စာအုပ်စာရင်းဝင်ခဲ့ရာက The Amazing Spider-Man စာအုပ် ထွက်လာခဲ့ပါတယ်။
Peter Parker က ဆက်ကျော်သက် ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ပြီး၊ သိပ္ပံပညာထူးချွန်သူတစ်ဦးပါ။ သူ့အဖေနဲ့ အမေ က S.H.I.E.L.D အေးဂျင့်တွေဖြစ်ပြီး၊ နှစ်ယောက်လုံးက သိပ္ပံပညာရှင်တွေဖြစ်ပါတယ်။ Peter Parker က Spider-Man ရဲ့ အဓိက လက်နှက်ဖြစ်တဲ့ Web-Shooter ကို သူကိုယ်တိုင် တီထွင်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်ဒီကားမှာ ဒါရိုက်တာက အထက်တန်းကျောင်းသားက ဒီလောက်တော်မယ်ဆိုတာ လူတွေ လက်မခံလောက်တာကြောင့် Web တွေကို ကိုယ်ထဲက ထုတ် ပေးတယ်ဆိုပြီး ဇာတ်လမ်းလုပ်ထားပါတယ်။ဒီကားထဲမှာ Spider-Man ရဲ့ ရန်သူတွေထဲက ကြောက်စရာအကောင်းဆုံး ရန်သူဖြစ်တဲ့ Green Goblin ကို မိတ်ဆက်ထားပြီ၊ ကျွန်တော့်အမြင်ပြောရရင် Green Goblin က ဒီကားမှာ ဒီထက်ပိုပြီး နေရာရသင့်ပါတယ်။ Green Goblin ဆိုတာ Spider-Man ရဲ့ အဓိက ရန်သူဖြစ်ပြီး၊ Batman ရဲ့ Joker လိုပဲ သူလည်း marvel universe မှာ အဆင့်အတန်းရှိတဲ့ Villain ဖြစ်ပါတယ်။ပထမဆုံး ကားဖြစ်လို့ သိပ်မထူးခြားပေးမယ့် ကျွန်တော်တို့ကို Spider-Man နဲ့ မိတ်ဆက်ပေးခဲ့တဲ့ကားဖြစ်လို့ အခုချိန် အထိ ပြန်ကြည့်မိနေဆဲပါ။မိသားစုဇာတ်ကားပါ။

Based on Marvel Comics’ superhero character, this is a story of Peter Parker who is a nerdy high-schooler. He was orphaned as a child, bullied by jocks, and can’t confess his crush for his stunning neighborhood girl Mary Jane Watson. To say his life is “miserable” is an understatement. But one day while on an excursion to a laboratory a runaway radioactive spider bites him… and his life changes in a way no one could have imagined. Peter acquires a muscle-bound physique, clear vision, ability to cling to surfaces and crawl over walls, shooting webs from his wrist … but the fun isn’t going to last. An eccentric millionaire Norman Osborn administers a performance enhancing drug on himself and his maniacal alter ego Green Goblin emerges. Now Peter Parker has to become Spider-Man and take Green Goblin to the task… or else Goblin will kill him. They come face to face and the war begins in which only one of them will survive at the end. Written by Soumitra

Show more...