A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Silver Haze: အချစ်ဒရာမာကားတွေကိုကြိုက်နှစ်သက်သူတွေအတွက်
လိင်တူမိန်းကလေးအချစ် မိသားစုအချစ် အငြိုးအတေးနာကျင်မှု ပျော်ရွှင်မှု ဝမ်းနည်းမှု ခံစားချက်ရသပေါင်းများစွာကိုများစွာကိုပေးစွမ်းနိုင်မဲ့ဒရာမာကားကောင်းလေးတစ်ကားကို
တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့Silver Haze ဖြစ်ပြီး IMDb Rating 6.6 ရရှိထားတဲ့အတွက်လိုက်ပါစီးမြောပြီးကြည့်ရှုသင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဖရန်ကီလို့ခေါ်တဲ့ ကောင်မလေးကညီအစ်မတွေနဲ့အတူတူအမေဖြစ်သူရဲ့အိမ်မှာနေထိုင်နေတဲ့ သူနာပြုတစ်ယောက်ပဲဖြစ်ပါတယ်။အဖေဖြစ်သူမရှိတော့ဘဲ သမီးတွေနဲ့အမေပဲဘာလို့ကျန်ခဲ့ရတယ်ဆိုတဲ့ အကြောင်းအရင်းက ဖရန်ကီငယ်စဉ်ကဖြစ်ခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီးတစ်ခုနဲ့ သက်ဆိုင်နေခဲ့ပါတယ်။ဖရန်ကီငယ်စဉ်က အရက်ဆိုင်တစ်ခုမီးလောင်နေတဲ့အချိန်အထဲမှာ ပိတ်မိနေခဲ့ပြီးမီးလောင်ဒဏ်တွေအများအပြားရခဲ့ကာကံကောင်းလို့ မသေဘဲလွတ်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒီမီးကို သူ့အဖေနဲ့ဖောက်ပြန်နေခဲ့တဲ့ မိန်းမကရှို့ခဲ့တဲ့မီးလို့ဖရန်ကီတို့ မိသားစုကယုံကြည်ထားခဲ့ပြီး သူ့အဖေကလည်းအဲ့ဒီမီးလောင်မှုအပြီးမှာ အဲ့ဒီမိန်းမနောက်ကိုလိုက်သွားပါတော့တယ်။ငယ်ငယ်လေးကတည်းက ဒီလိုအဖြစ်ဆိုးပေါင်းစုံကိုကြုံတွေ့ခဲ့ရတဲ့ ဖရန်ကီတစ်ယောက်ကြီးလာတဲ့အခါမှာလည်းအချစ်ရေးမှာကံမကောင်းခဲ့ပါဘူး။ဒါပေမယ့် သူနဲ့ဆေးရုံမှာတွေ့ခဲ့တဲ့ဖလောရန့်စ်ဆိုတဲ့ ကောင်မလေးနဲ့မှ အချစ်စစ်ကိုကြုံတွေ့ရသလိုဖြစ်ခဲ့တဲ့ ဖရန်ကီအတွက် ရှေ့ဆက်ဘ၀လမ်းက ပန်းခင်းလမ်းဖြစ်နေပါ့မလား သူ့အတွက်ဘယ်လိုအရာမျိုးတွေကရောစောင့်ကြိုနေဦးမလဲဆိုတာကို စိတ်ခံစားချက်ပေါင်းများစွာနဲ့ကြည့်ရှုရမဲ့ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။

Show more...