A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Serenity: တစ်ချိန်တစ်ခါက နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ
ခန့်ချောမင်းသားကြီး Matthew McConaughey နဲ့ဒရာမာဇာတ်ကားပေါင်းများစွာကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီးချော Anne Hathaway တို့ပါဝင်
သရုပ်ဆောင်ထားတဲ့ ၂၀၁၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ဇာတ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ..ဒရာမာ လျှို့ဝှက်ဆန်းကြယ်အမျိုးအစား ဇာတ်ကားဖြစ်ပြီးတော့ဇာတ်လမ်းအစအလယ်အဆုံး ကြည့်ရှုသူပရိသတ်ရဲ့အာရုံကိုဖမ်းစားထားနိုင်မဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားအစမှာတော့ ပလိုင်းမောက်မြို့ရဲ့နာမည်ကြီးငါးဖမ်းသမားဘိတ်ကာဒေးလ်ကို တွေ့ရမှာဖြစ်ပြီး သူ့ဘ၀ကတော့ ငါးမျှားလိုက် သူတို့ဆီကိုလာတဲ့ခရီးသွားတွေကိုငါးမျှားဖို့လှေနဲ့ တင်ခေါ်ပေးသွားလိုက် အရက်သောက်လိုက်သူနဲ့အရင်ဘ၀ကတည်းက ရန်သူတော်ဖြစ်လာခဲ့သလားတောင်ထင်ရတဲ့ တူနာငါးကိုမရမက ဖမ်းဖို့ကြိုးစားလိုက်နဲ့အချိန်ကုန်ငွေတွေကုန်ပြီး လည်ပတ်နေခဲ့ပါတယ်။သူသုံးနေတဲ့ လှေကလည်းဘဏ်ချေးငွေနဲ့ ဝယ်ထားတဲ့အတွက်သူတစ်ဝက် ဘဏ်တစ်ဝက် ပိုင်နေသလိုပါပဲ။ဒါပေမယ့်တစ်နေ့မှာတော့ သူ့ရဲ့ပျင်းစရာကောင်းတဲ့ဘ၀ကြီးထဲကိုသူ့ဇနီးဟောင်းရောက်လာခဲ့ပြီး သူနဲ့ရထားတဲ့သားနဲ့သူ့ကိုနှိပ်စက်နေတဲ့ လက်ရှိယောက်ျားကို ပင်လယ်ထဲခေါ်သွားပြီးသတ်ပေးဖို့ ပိုက်ဆံတွေအများကြီးကမ်းလှမ်းပြီး တောင်းဆိုလာတဲ့အခါမှာတော့ သူ့ဇနီးဟောင်းတောင်းဆိုတဲ့အတိုင်းလုပ်ပေးလိုက်မလား ပိုက်ဆံတွေကိုရောလက်ခံလိုက်မလားဒါမှမဟုတ် လူသားတစ်ယောက်ပီသစွာနဲ့ပဲငြင်းလိုက်မလားဆိုတာတွေအပြင်တခြားမထင်မှတ်ထားတဲ့လှည့်ကွက်တွေအများကြီးကိုပါ တွေ့ကြုံခံစားရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

Baker Dill (Matthew McConaughey) is a fishing boat captain leading tours off a tranquil, tropical enclave called Plymouth Island. His quiet life is shattered, however, when his ex-wife Karen (Anne Hathaway) tracks him down with a desperate plea for help. She begs Dill to save her – and their young son – from her new, violent husband (Jason Clarke) by taking him out to sea on a fishing excursion, only to throw him to the sharks and leave him for dead. Karen’s appearance thrusts Dill back into a life he’d tried to forget, and as he struggles between right and wrong, his world is plunged into a new reality that may not be all that it seems.

Show more...