A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Am I OK?: မင်းသမီးငိုနေတဲ့ပုံဖြစ်နေပေမယ့် တကယ်ကတော့Comedy ၊ Drama နဲ့ Romance အမျိုးအစားပဲဖြစ်ပါတယ်။Fifty Shades of Grey နဲ့လူသိများမင်းသမီးဖြစ်တဲ့
Dakota Johnson က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အချစ်ဆုံးသူငယ်ချင်းတွေရဲ့ ခံစားချက်လေးတွေကိုပြန်လည်တူးဆွကြည့်ချင်နေတဲ့လူတွေအတွက်တော့ဒီရုပ်ရှင်ကကွက်တိပါပဲ။အလှအပစပါးတစ်ခုရဲ့ဧည့်ကြိုကောင်တာမှာအလုပ်လုပ်တဲ့ အသက် ၃၂ နှစ်အရွယ်လူစီမှာ ဂျိန်းဆိုတဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိပါတယ်။ လူစီနဲ့ဂျိန်းဟာ အချင်းချင်းအရမ်းချစ်ကြပြီးအသေးအမွှားလေးတွေကအစ တစ်ယောက်ကိုတစ်ယောက်ပြောပြလေ့ရှိကြပါတယ်။ တစ်နေ့မှာတော့ ဂျိန်းကကောင်မလေးတစ်ယောက်ကို နမ်းဖူးတယ်လို့ပြောပြလာတဲ့အချိန်မှ လူစီက သူဟာလိင်တူချင်းချစ်သူတစ်ယောက်ပါလို့ဝန်ခံလာခဲ့ပါတယ်။ လူစီက လိင်တူချစ်ခင်သူဆိုတာကိုတခြားသူတွေသိသွားမှာစိုးရိမ်နေပြီး အချစ်ရေးမှာမဝံ့မရဲတွေဖြစ်နေတာကြောင့် ဂျိန်းကပဲ အစစအရာရာလိုက်ကူညီခဲ့ရပါတယ်။ ဒါပေမဲ့ ဂျိန်းက အလုပ်ရာထူးတိုးနဲ့လန်ဒန်ကိုပြောင်းရတော့မယ့်အချိန်မှာ လူစီနဲ့ဂျိန်းတို့အကြီးအကျယ်ရန်ဖြစ်ခဲ့ကြပါတယ်။တစ်ယောက်နဲ့တစ်ယောက်မခေါ်ဘဲနေတဲ့ အချိန်ကြာလာတာနဲ့အမျှ အချင်းချင်းထောက်ပြခဲ့ကြတဲ့ ကိုယ့်အားနည်းချက်တွေကိုယ်ပြန်လည်ဆန်းစစ်ပြုပြင်ခဲ့ကြပါတယ်။တစ်ယောက်တစ်နေရာစီဝေးကွာသွားကြတော့မယ့် အချစ်ဆုံးသူငယ်ချင်းတွေဟာ အချင်းချင်းမာနတွေတင်းခံပြီးတစ်သက်လုံးမခေါ်ဘဲနေကြတော့မှာလား။ဂျိန်းလန်ဒန်ကိုမသွားခင် လူစီနဲ့ဂျိန်းတို့ ပြန်လည်သင့်မြတ်သွားမှာလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

Lucy and Jane have been best friends their entire lives. Only when Lucy embarks on a personal journey, will she face a test of her friendship, and her sense of self, on a path she may not be entirely ready to take.

Show more...