A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Ploy’s Yearbook: ကြယ် ၅ ပွင့်ရဲ့ ချစ်ဝင်္ကပါ (၂၀၂၄)

Gmmtvကနေ အသစ်ထွက်ရှိလာတဲ့ နာမည်တူကောင်မလေး၅ယောက်နဲ့
သူတို့ရည်းစားတွေကြား ပြဿနာတွေနဲ့ ပတ်လည်ရိုက်နေမဲ့ ဒရာမာကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။
ကျောင်းတစ်ကျောင်းရဲ့ အတန်းတစ်တန်းထဲမှာပဲ ပလွိုင်းလို့ခေါ်တဲ့
နာမည်တူ ကျောင်းသူ၅ယောက်တောင် ရှိနေပါတယ်။
နာမည်သာတူပေမဲ့ စရိုက်ချင်းဘာမှမတူဘဲ တစ်ယောက်နဲ့တစ်ယောက်
ကွဲပြားလို့နေတဲ့အတွက် နာမည်ပြောင်လေးတွေနဲ့ ခေါ်ကြပါတယ်။
ကျောင်းပြီးခါနီးအချိန်မှာတော့ ထုံးစံအတိုင်း နှစ်ချုပ်စာအုပ်လုပ်ဖို့ ပြင်တဲ့အချိန်မှာ
ပလွိုင်းငါးယောက်နဲ့ တိုင်ပတ်ပြီး ဖုန်းနံပါတ်တွေမှားထည့်လိုက်မိပါတော့တယ်။
ဒါပေမဲ့လည်း အရေးမကြီးဘူးဆိုပြီး မပြင်ဘဲ ထားခဲ့ရာကနေ ပြဿနာတွေ စတော့တာပါပဲ…….
ဒီလို ဖုန်းနံပါတ်မှားရေးတဲ့ကိစ္စကနေ ပလွိုင်း၅ယောက်
ဘယ်လိုပြဿနာတွေကြုံတွေ့ရမလဲဆိုတာကို ခံစားရင်ခုန်ကြည့်ရှုလိုက်ကြပါဦးနော်

အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့
ဘာသာပြန်ထားတာကတော့ Char Ou, Mary, Hmwe, Khaing တို့ပဲ ဖြစ်ကြပါတယ်။

The love stories of five girls named Ploy. Same name, same classroom, but completely different personalities. ‘Ploy’s Yearbook’ will take viewers back to the era of flared skirts and shorts, an age filled with dreams and the bond of friends. What will happen when the friendgroup members cross paths again fifteen years later? Although many things may have changed, their hearts remain the same. Written by Vorachote Sakulsri

Show more...