Married: Red Flag တွေ ဟော့နေချိန်မှာ… လှေသူကြီးက Red Flag လား
မုကျစ်က Red Flag လားတွေ တွေဝေခဲ့အပြီးမှာတော့…
တကယ့် Red Flag ကြီးလာပါပြီ… ပေါက်စီမြေဖန်အမာခံတွေသိကြမှာပါ…
The Story of Ming Lan (2018) မှာ Zhao Li Yingနဲ့ ဖူးစာရေစက်ဆုံခဲ့တဲ့
ဖုန်ရှောင်ဖုန်းတစ်ယောက်…. နှစ်ဦးသား အေးဆေးစွာကွာရှင်းပြတ်စဲအပြီးမှာ
ဘာကြောင့်လဲပေါင်းများစွာနဲ့ သတင်းတွေထွက်ပြီး ဒီမနက်မှာတောင်
tik tok ဆယ်လီမလေးနဲ့ သတင်းထွက်နေသေးတာကြောင့်
ဖရဲသီးခေါင်းစဉ်မျိုးစုံ တပ်ခံနေရသူ Feng Shao Feng တစ်ယောက်
ဒီကားထဲမှာတော့ တကယ့်ကို Red Flag အကြီးစားကြီးနဲ့ ဖန်သားပြင်ပေါ်ရောက်လာခဲ့ပါပြီ…
ဒီအိမ်ထောင်ရေးကျားကစားပွဲ Married (2024) ဇာတ်ကားကဆိုရင်
ကျီလျိုရှန်း သာသာရဲ့ ကျွန်မနဲ့ အိမ်ထောင်ရေးတိုက်ပွဲဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့
Red Flag အကြီးစားကားကြီးဖြစ်ပါတယ်… မင်းသားကို အမိုက်စားရွေးထားသလို
မင်းသမီးကိုလည်း ကြည့်လိုက်ဦး… The Confidence (2020) မှာ Red Flag ကြီး
ဖုရှန်ရှင်း လက်ထဲက ထွက်ပြေးခဲ့ရတဲ့ ယုန်ပေါက်လေး ခယ်ရှင်းအဖြစ်သရုပ်ဆောင်ခဲ့တဲ့
Cai Wen Jing ပါပဲ… ဇာတ်လမ်းအကျဉ်းလေးမပြောခင်မှာ ဒီကားထဲက Red Flag ဆိုတာ
ဘယ်လိုပုံစံကိုပြောတာလဲဆို… PUA ဆိုတဲ့ gaslighting + brainwashing လုပ်ပြီး
ထိန်းချုပ်ထားတာလေးနည်းနည်း… အိမ်ထောင်ရေးဖောက်ပြန်တာလေးက နည်းနည်း…
အိမ်တွင်းအကြမ်းဖက်မှုလေးက နည်းနည်း… ချစ်တယ်ဆိုပြီး စိတ်ပိုင်းဆိုင်ရာ
ပြန်ပေးဆွဲမှုလေးက နည်းနည်း… ချစ်ရသူကို ကလေးလေးလိုအပူပင်ကင်းစေချင်တယ်ဆိုပြီး
ပုံစံခွက်ထဲ ချုပ်နှောင်ထားတာလေးနည်းနည်း… ဒီလောက်ပါပဲ…
ဒီလိုမျိုး အနှုတ်လက္ခဏာ အရပ်ရပ်နဲ့ပြည့်စုံတဲ့ ဟူချန်ကို နင်ယွဲ့တစ်ယောက် အချစ်ကြီးချစ်ပြီး
သရုပ်မှန်မမြင်ခဲ့ဘဲ မျက်ကန်းချစ်နဲ့ချစ်ခဲ့တာ သားလေးတစ်ယောက်ထွန်းကားတဲ့အထိပါပဲ…
ဟုတ်ပါတယ်… ၅ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်မှာတောင် မယားငယ်က ငိုသံလေးနဲ့ ခေါ်တာနဲ့
မိန်းမကို ထားပြီးထွက်သွားတဲ့ယောက်ျားရဲ့ သရုပ်မှန်ကို မမြင်နိုင်လောက်အောင်
ချစ်ခဲ့တာကတော့ နင်ယွဲ့ပါ… တစ်ဖက်မှာလည်း… ခံစားချက်မှာ အချစ်မခံရတဲ့သူက
ဒါကြောင့် ငါက တတိယသူမဟုတ်ဘူးလို့ ယူဆပြီး အချစ်ကို ရူးမိုက်စွာ ကိုးကွယ်နေတဲ့
ထျန်းချိုကျစ်… အိမ်ထောင်ရေးဖောက်ပြန်တဲ့ယောက်ျားကို ရွံရှာတောင် မကွာရှင်းနိုင်တဲ့
အိမ်ထောင်သည်အမျိုးသမီးရဲ့ ဒုက္ခကဘာလို့ထင်လဲ… ကိုယ့်ဘာသာ မရပ်တည်နိုင်တာပါပဲ…
ဒီတော့ နင်ယွဲ့တစ်ယောက် သူ့ကိုယ်သူ ရပ်တည်နိုင်အောင် အလုပ်ပြန်ရှာခဲ့တယ်…
သူ့ခြေထောက်ပေါ်သူရပ်တည်နိုင်အောင်ကြိုးစားခဲ့တယ်… အမြဲတမ်း
အလှပန်းအိုးလေးဘဝမှာနေခဲ့ရတဲ့ ဟူချန်လောင်းရိပ်အောက်က နင်ယွဲ့အတွက်တော့
ချင်းချန်က အလင်းတန်းတစ်ခု ဖြစ်ခဲ့တယ်… ပြန်လည်ယုံကြည်တယ်…
ပြန်လည်တောက်ပစေတယ်… အိမ်ထောင်ရေးတစ်ခုမှာ ယောက်ျားရဲ့
သကာရည်လောင်းထားတဲ့ ဖယောင်းရည်လောင်းရိပ်၊ ပျားရည်ထောင်ချောက်အောက်က
ဘယ်လိုမျိုး တစ်ဆင့်ချင်း ရုန်းထွက်သွားမယ်ဆိုတာရယ်… Red Flag ဆိုတာ
ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းပြီး ရုန်းထွက်ရခက်တယ်ဆိုတာရယ်ကို…
သရုပ်ဖော်တင်ဆက်ထားတဲ့ ကားလေးမလို့ CM Team နဲ့အတူ ဆက်လက်စောင့်ကြည့်ကြပါစို့