A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Piranha 3DD: ၂၀၁၀ မှာ ထွက်ရှိထားတဲ့ Piranha ကားအပြီးမှာတော့ Sequel အနေနဲ့နောက်တစ်ကားထွက်ရှိလို့လာပါပြီ။ အရင်ကားမှာ အသားစားငါးတွေ စထွက်လာခဲ့တဲ့ဗစ်တိုးရီးယားရေကန်ကြီးကတော့ စွန့်ပစ်ရေကန်ကြီးအဖြစ်ပိတ်ထားလိုက်ပါပြီ။ အရင်ကားနဲ့မတူတာက ဒီကားမှာကတော့ Water park မှာအသားစားငါးတွေ ပေါ်လာကြတာပဲဖြစ်ပါတယ်။အသားစားငါးတွေနဲ့ လုံးဝအဆက်အစပ်မရှိနေတဲ့ဒီနေရာမှာမှ ပေါ်လာတယ်ဆိုတာ စဉ်းတော့စဉ်းစားစရာပါပဲ။အရင်ကားမှာ ငါးတွေရဲ့ ပေါက်ဖွားရာနေရာနဲ့ ကမ္ဘာမြေမျက်နှာပြင်ပေါ် ရောက်လာတာတွေကိုအသားပေးရိုက်ပြထားခဲ့ပါတယ်။ ဒီကားမှာကတော့ တစ်နှစ်ကျော်ကြာပြီးနောက်ပိုင်း Timeline မှာတည်ထားတဲ့ ဇာတ်အိမ်ဖြစ်တဲ့အလျောက် ငါးတွေနဲ့ပတ်သတ်ပြီး ပိုများတဲ့အချက်အလက်တွေပါဝင်လာပါတယ်။ ပြင်ပရေနဲ့ထိတွေ့ခြင်းမရှိတဲ့ ရေကူးကန်မှာမှ တည်ထားတဲ့ဇာတ်အိမ်ဖြစ်တဲ့အတွက် ဒီငါးတွေ ဘယ်လို၊ ဘယ်က ရောက်လာတယ်ဆိုတာတွေကို ပိုပြီး စိတ်ဝင်တစားကြည့်ရမှာပါ။ ဒီနေရာမှာ သတိပေးချင်တာကတော့ အရင်ကားထက်လည်းပိုပြီးအမြင်မသင့်တော်တဲ့ဇာတ်ကွက်တွေ ပါဝင်လာတယ်ဆိုတာပါပဲ။အရင်ကားလောက်တော့ သွေးထွက်သံယိုမများပေမဲ့အဖော်အချွတ်ခန်းတွေ အမြောက်အများပါဝင်လာတာမို့နှလုံးရောဂါရှိသူ၊ အသက်မပြည့်သေးသူများမကြည့်ဖို့တိုက်တွန်းရင်း ဘာသာပြန် တင်ဆက်ပေးလိုက်ရပါတယ်။

After the events at Lake Victoria, the prehistoric school of blood-thirsty piranhas make their way into swimming pools, plumbing, and a newly opened water park.

Show more...