A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
My Sweet Mobster Trailer
Watch

My Sweet Mobster

65 min

Now showing: Full 16/16

Latest episode: 161514

Country: South Korea

Actors: Eom Tae-gooHan Sun-hwaIm Chul-sooKim Hyun-jin…Kim Young-okKwon YulMoon Dong-HyeokMoon Ji-InNam-Yong SeoSung Dong-il

Genres: Comedy, Drama, Romance

0/ 5 0 votes
Movie plot

My Sweet Mobster (2024)
*************************
အပိုင်းသစ် (၁ မှ ၁၆ ထိ) စ/ဆုံး

နှလုံးသားပိန်းကြာရွက်ပေါ် ရေအတင်မခံ အသည်းမာတဲ့ ကိုလူကြမ်းကြီးနဲ့
ပေါ့ပါးပျော်ရွှင်စွာနေတတ်ကာ ကြင်နာတတ်တဲ့ Youtuber မလေးတို့ရဲ့

ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်

ဒီဇာလမ်းမှာပါဝင်တဲ့ Cast တွေကတော့….

ဆောဂျီဟွမ်အဖြစ် “Home Town” “Night in Paradise” တို့မှာ ပါဝင်ခဲ့တဲ့ မင်းသား Uhn Tae Goo

ဂိုအွန်းဟာအဖြစ် “Work Later, Drink Now” မှာ ယောဂဆရာမနေရာက သရုပ်ဆောင်ခဲ့တဲ့မင်းသမီး Han Sun Hwa

ဂျန်ဟျွန်းအူ အဖြစ် “Longing for You” “Dali And Cocky Prince” ထဲက Second Lead ဖြစ်တဲ့ Kwon Yul တို့အပြင်

Cheer Up ထဲက Main Lead Kim Hyun Jin လည်း ပါဝင်ထားပါသေးတယ်နော်

ဇာတ်လမ်းအကျဉ်း
—————-
ဆောဂျီဟွမ်ဟာ အတိတ်တုန်းက လူမိုက်ဂန်းစတားကြီးဖြစ်ခဲ့ပေမဲ့လည်း

လက်ရှိမှာ ဂိုဏ်းစတားဘဝကို စွန့်လွှတ်ကာ ကုမ္ပဏီတည်ထောင်ပြီး

စီးအီးအိုရာထူးနဲ့ ဘဝကို ကောင်းမွန်စွာ ဖြတ်သန်းနေတဲ့သူပါ

မိမိကိုယ်ကို ကောင်းမွန်အောင်နေရုံသာမက ထောင်ထွက်လူမိုက်ဂိုဏ်းအဖွဲ့သားတွေကိုလည်း

သူ့ကုမ္ပဏီမှာ အလုပ်ခန့်ကာ သူတို့ဘဝတိုးတက်ကောင်းမွန်ရေးအတွက် ကူညီပေးပါသေးတယ်

တစ်နေ့မှာတော့ ဂိုအွန်းဟာ ဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ

အချိန်ပိုင်းသန့်ရှင်းရေးအလုပ်လုပ်နေရင်း

မတော်တဆ သူ့ကို ထိခိုက်အောင် လုပ်မိသွားပါတယ်

ဂိုအွန်းဟာကတော့ Youtube ပေါ်မှာ ကလေးလေးတွေအတွက် ဦးတည်ကာ

ဗီဒီယိုလေးတွေဖန်တီးပြီး တင်ဆက်ပေးလေ့ရှိသော်လည်း လူသိနည်းပါတယ်

သို့သော် ဆောဂျီဟွမ်ကတော့ သူမကို သိနေခဲ့ပါတယ်

အတိတ်ကလေးဘဝတုန်းက အမှတ်တရတွေဖန်တီးပေးခဲ့တဲ့အစ်ကိုကြီးကြောင့်

Youtuber လုပ်ဖြစ်ခဲ့တဲ့ ဂိုအွန်းဟာတစ်ယောက်ကို ဆောဂျီဟွမ်က ဘာကြောင့် သိနေတာများလဲ

နှစ်ယောက်သား ဘယ်လိုတွေရင်းနှီးသွားပြီးတော့

ဘယ်မိန်းကလေးနဲ့မှ တုတ်တုတ်မျှမလှုပ်ခဲ့တဲ့ ကိုလူကြမ်းကြီးတစ်ယောက်

ဂိုအွန်းဟာဆီမှာ ဘယ်လိုပြုသမျှ နုခံရမလဲဆိုတာကို ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်

ဒူးနဲ့မျက်ရည်မသုတ်ရလောက်ပေမဲ့ ကိုလူကြမ်းကြီးတစ်ယောက် ဘယ်လိုရိုမလဲဆိုတာ

အပတ်စဉ် ဗုဒ္ဓဟူးနဲ့ ကြာဿပတေးနေ့တိုင်း Channel Myanmar မှာ စောင်၊ ဖက်လုံးကိုက်ပြီး စောင့်ကြည့်လိုက်ရအောင်နော်

ဇာတ်လမ်းတွဲအညွှန်းကိုတော့ AThinn မှ ရေးသားပေးထားပါတယ်

Once a convict, Seo Ji Hwan is now a successful, albeit overly cautious CEO, who has yet to experience any of life’s more enjoyable pleasures: namely falling in love. But all that changes when fate brings beloved children’s content creator Go Eun Ha into his life. The unlikely pair find love most unexpectedly but Eun Ha’s longtime fan, Prosecutor Jang Hyeon U isn’t ready to let her go without a fight. South Korean romantic comedy series was adapted from the web novel “The Woman Who Plays” by Park Soo Jung. Written by Rakuten Viki

Show more...