A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

My Sassy Girl: ဒီဇာတ်ကားက My Sassy Girl (2001) ကိုရီးယားဇာတ်ကားကို အနောက်တိုင်းပုံစံ ပြန်လည်ရိုက်ကူးထားတဲ့ အမေရိကန်ဇာတ်ကားလေးပါ။ IMDb RAting (6.3/10) ရရှိထားပါတယ်။ အမေရိကန်မင်းသား Jesse Bradford နဲ့ The Girl Next Door နဲ့ House of Wax ထဲက မင်းသမီးချော Elisha Cuthbert တို့အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ My Sassy Girl ဇာတ်လမ်းအတိုင်းပါပဲ။မင်းသမီးက နှလုံးသားဒဏ်ရာကြောင့် ဘဝကိုပေပေတေတေဖြတ်သန်းနေပြီး ဘာကိုမှမလိုချင်တော့ဘဲ လူ့ဘဝကိုစိတ်ကုန်နေတဲ့ ကောင်မလေးဖြစ်ပြီး မင်းသားကတော့ ဒီလိုကောင်မလေးကိုမှ ငြိတွယ်မိတဲ့ အူတူတူကောင်လေးဖြစ်ပါတယ်…ဇာတ်လမ်းကတော့ သူတို့နှစ်ယောက်ကြားက အခက်အခဲတွေနဲ့ သံယောဇဉ်တွေအကြောင်းပေါ့။ရုပ်ရှင်က ဖွင့်ဆိုထားတာကတော့ ကံကြမ္မာဆိုတာ ကြိုးစားမှုပါပဲတဲ့…..အချစ်ကိုရချင်ရင် ကံကောင်းဖို့ ကြိုးစားရမယ် စောင့်စားရမယ် ခက်ခဲမယ်။ခပ်ဆိုးဆိုးကောင်မလေးကိုမှ ငြိတွယ်မိတဲ့ကောင်လေးခမျာ ကံကောင်းပါ့မလားဆိုတာ…….။

Show more...