A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Lohusa: Postpartum Depression ဆိုတာ ကိုယ်ဝန်ဆောင်မေမေတွေနဲ့ကလေးမွေးဖွားပြီးခါစ မေမေတွေမှာဖြစ်တတ်တဲ့ စိတ်ကျရောဂါလက္ခဏာတွေဖြစ်ပြီးတော့ မေမေတွေအတွက်ခက်ခက်ခဲခဲကျော်ဖြတ်ရတဲ့ stage ပဲဖြစ်ပါတယ်။အခုမိတ်ဆက်ပေးချင်တာကတော့ postpartum အကြောင်းကိုအခြေခံပြီး၊ ကလေးမွေးထားခါစမေမေနှင့် ဖေဖေတို့ ကြုံတွေ့ရတဲ့ပထမ ဆုံးရက် ၄၀အကြောင်းကိုရိုက်ကူးထားတဲ့ Lohusa ဆိုတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။Netflix ကနေထွက်ရှိထားပြီး Rating 5.4 ရရှိထားတဲ့ (comedy/romance) ဇာတ်ကားလေးဖြစ်ပြီး အမျိုးသမီးတွေကြားထဲက အချင်းချင်းကူညီဖေးမမှုအရေးကြီးပုံနဲ့ ကလေးကိုပြုစုရာမှာဖေဖေရဲ့အရေးကြီးပုံကိုလည်း ပြထားတဲ့ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်နေစဥ်နှင့် မွေးပြီးခါစ မှာ postpartum Depression ဖြစ်တာကပုံမှန်ဆိုတာကို မသိတဲ့ဇာတ်ဆောင်ဟာ အရမ်းသန်မာတဲ့မေမေလုပ်ချင်ပြီး တစ်ယောက်တည်းဘယ်သူ့အကူညီမှမယူဘဲ လူမှုရေးတွေရော၊ ကလေးကိစ္စတွေရော လုပ်တာကနေပြဿနာတွေစဖြစ်ပါတော့တယ်။
ဘယ်လိုပြဿနာတွေလဲ သူဘယ်လိုကျော်လွှားမလဲ စတာတွေကိုတစ်ကားလုံးဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားကောင်းလေးမို့တင်ဆက်လိုက်ရပါတယ်။ ကိုကိုတွေမောင်မောင်တွေနဲ့အတူတူကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားလေးဆိုလည်းမမှားပါဘူး။

Show more...