A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Horizon: An American Saga – Chapter 1 Trailer
Watch
Movie plot

Horizon: An American Saga – Chapter 1 – ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Kevin Costner က ပြောင်မြောက်စွာ ရိုက်ကူးတင်ဆက်ထားတဲ့ ဂန္ဓဝင်အနောက်တိုင်းရုပ်ရှင်ဇာတ်ကားဖြစ်ပြီးတော့ An American Saga Trilogy ရဲ့ ပထမဆုံးဇာတ်ကားဖြစ်ကာ နောက်ထပ် Sequel နှစ်ကားလာဖို့ ရှိပါသေးတယ်။
ဇာတ်လမ်းလေးကတော့ အမေရိကန်လူမျိုးတွေဟာ အမေရိကတိုက်ကြီးရဲ့ မိုးကုပ်စက်ဝိုင်းလို့ ခေါ်ဝေါ်သမုတ်တဲ့ အနောက်ဖက်အရပ်ရဲ့ ဆွဲဆောင်ညို့ယူမှုကို ခံရပြီး အမေရိကန်နိုင်ငံရဲ့နယ်နိမိတ်ကို တိုးချဲ့တိုင်းတာသတ်မှတ်ဖို့ တရွေ့ရွေ့ ခြေဆန့်ခရီးဆက်လာတဲ့အချိန်မှာ ယနေ့ခေတ်အခေါ် ဟစ်ပီတွေ တဖြစ်လည်း ဒေသခံတိုင်းရင်းသားလူမျိုးရင်းမျိုးနွယ်စုတွေဖြစ်တဲ့ အပါချီမျိုးနွယ်စုနဲ့ တခြားမျိုးနွယ်စုခွဲတွေအတွက်ကတော့ သူတို့ပိုင်ဆိုင်တဲ့မြေကို တစတစ ဖဲ့ပေးနေရတာဖြစ်တဲ့အတွက် သူတို့ကြားထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အကြောင်းနဲ့ စတင်ထားပါတယ်။ ယဉ်ကျေးမှုနှင့် နည်းပညာတိုးတက်မှုတို့ အချိုးကျကျပေါင်းစပ်ကာ ဂီတ အနုပညာ ဖက်ရှင် ဖျော်ဖြေရေးတွေ ထွန်းကားလာပြီးတော့ ရွှေခေတ်လို့ တင်စားကြတဲ့ ၉၀ ရာစုပြည့်နှစ်တွေ မရောက်ရှိလာခင် ခေတ်အချိုးအကွေ့ရဲ့ ကနဦးအစောပိုင်းကာလကို မတူညီကွဲပြားတဲ့ ဇာတ်ကောင်တွေ ရှုထောင့်တွေနဲ့ အဘက်ဘက်ကနေ ထဲထဲဝင်ဝင် အစပျိုး ရိုက်ကူးတင်ဆက်ထားပါတယ်။Box Office မှာ ၃၂ သန်းနီးပါး ရရှိခဲ့ပြီး IMDb Rating 6.9/10 နှင့် Rotten Tomatoes မှာ Audience Score 70% ရရှိထားကာ ဒီနေ့ခေတ် အမေရိကန်နိုင်ငံဆိုတာ ဖြစ်လာဖို့ ဘယ်ကနေ စတင်ခဲ့တယ်ဆိုတာကို စိတ်ကူးယဉ်ဇာတ်အိမ်တွေနဲ့ လက်တွေ့သမိုင်းကြောင်းတို့ကို ရောပြွန်းတင်ဆက်ထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်လို့ မဖြစ်မနေ ကြည့်ရှုသင့်တဲ့ဇာတ်ကားဆိုလည်း မမှားပါဘူး။

Explore the lure of the Old West and how it was won-and lost-through the blood, sweat and tears of many. Spanning the four years of the Civil War, from 1861 to 1865, embark on an emotional journey across a country at war with itself, experienced through the lens of families, friends and foes all attempting to discover what it truly means to be the United States of America. Written by olisilumea

Show more...