A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Ghostlight: ဒီဇာတ်လမ်းလေးကတော့ ၂၀၂၄ မှ ထွက်ရှိထားတာဖြစ်ပြီးတော့
IMDb rating 7.8 အထိ ရရှိထားတဲ့Family Dramaအမျိုးအစားဇာတ်ကားပဲဖြစ်ပါတယ်
ဇာတ်လမ်းအညွှန်း-ဒန်ဟာ ဆောက်လုပ်ရေးအလုပ်သမားတစ်ယောက်ဖြစ်ပြီးသူ့ဇနီးနဲ့ အနုပညာဝါသနာပါတဲ့ သမီးလေး ဒေစီနဲ့အတူနေထိုင်တယ်။ ဒန် တို့ မိသားစုက အတိတ်က ဖြစ်ရပ်တွေကြောင့်စိတ်ဒဏ်ရာကိုယ်စီ ရှိနေခဲ့တာဖြစ်ပြီး မိသားစုအတွင်းမှာလည်းထုတ်မပြောနိုင်ခဲ့ကြတဲ့ စိတ်ဒဏ်ရာတွေရှိနေကြတယ်။တစ်နေ့မှာတော့ ဒန်က မမျှော်လင့်ထားပဲ ပြဇာတ်အဖွဲ့တစ်ခုနဲ့ပူးပေါင်းမိသွားတယ်။ ပြဇာတ်အဖွဲ့က ရိုမီယိုနဲ့ဂျူးလိယက်ပြဇာတ်အတွက် လေ့ကျင့်နေကြတာဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ မိသားစုအတွင်း ဆက်ဆံရေး၊ချစ်ခြင်းမေတ္တာနဲ့ စိတ်ဒဏ်ရာတွေကြောင့် ထိခိုက်ရပုံတွေကိုဇာတ်လမ်းသွား အေးအေးလေးနဲ့ဖော်ပြထားတာဖြစ်ပြီး ဒန်တို့မိသားစု ကြုံတွေ့နေရတဲ့ မိသားစုပြဿနာတွေအကြောင်း တင်ဆက်ထားတာဖြစ်ပါတယ်။Family Drama ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမို့အတူတူကြည့်ရှုလိုက်ကြရအောင်ခင်ဗျာ။

When a construction worker unexpectedly joins a local theater’s production of Romeo and Juliet, the drama onstage starts to mirror his own life.

Show more...