A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Diaz – Don’t Clean Up This Blood: This Blood ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဘယ်ဖြစ်ရပ်မှန်ကိုအခြေခံထားတာလည်းဆိုတော့2001 ခုနှစ်တုန်းကအီတလီမှာပြုလုပ်ခဲ့တဲ့ G8 ညီလာခံမှာ
ဆူပူသောင်းကျန်းဆန္ဒပြမှုတွေဖြစ်ခဲ့ပြီး အဲ့ဒီနောက်ဆက်တွဲဖြစ်ခဲ့တဲ့အရာတွေကို အခြေခံထားတာပဲဖြစ်ပါတယ်။အဲ့ဒီအထိကရုဏ်းတွေဖြစ်ခဲ့တဲ့အချိန်မှာ ရဲတွေရဲ့ပစ်ခတ်မှုကြောင့် လူငယ်တစ်ယောက်သေဆုံးသွားခဲ့ရပြီး ဆန္ဒပြမှုတွေအရှိန်အဟုန်ပိုတိုးလာခဲ့ပါတယ်။ရဲတွေဘက်ကလည်း အဲ့ဒီဆန္ဒပြသူတွေကိုနှိမ်နင်း ဖမ်းဆီးဖို့ကြိုးစားနေခဲ့ကြပါတယ်။တစ်နေ့မှာတော့ ဆန္ဒပြသူတွေပုန်းခိုနေတဲ့ နေရာအတိအကျသတင်းရသွားပြီး ဝင်ရောက်စီးနင်းခဲ့ပါတော့တယ်။ဒါပေမယ့်ရဲတွေရဲ့ ထုံးစံအတိုင်းဖမ်းဆီးတာကို ရိုးရိုးတန်းတန်းမဖမ်းဆီးပဲအကြမ်းဖက် ရိုက်နှက်ပြီးဖမ်းဆီးခဲ့ပြီး အဲ့ထဲမှာသတင်းထောက်တွေဂျာနယ်လစ်တွေပါနေတဲ့အခါမှာတော့ သူတို့ရဲ့ရက်စက်မှုတွေကိုတစ်ကမ္ဘာလုံးသိအောင်ဖော်ပြခဲ့ပုံကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။

Show more...