A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Light Off
Report
40 view

Campton Manor: Horror ချစ်သူများအတွက် စိတ်ဝင်စားစရာလှည့်ကွက်မျိုးစုံနဲ့
ဖြဲမခြောက်ဘဲ ကျောချမ်းနေရမဲ့ သရဲကားအသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့Campton Manor ဖြစ်ပြီးနာမည်ကြီးသရုပ်ဆောင်တွေ
ဒါရိုက်တာတွေနဲ့ ရိုက်ကူးထားတာတော့မဟုတ်ပေမဲ့ သူဟာနဲ့သူကြည့်ကောင်းတဲ့အနေအထားတော့ရှိပါတယ်။ဒီဇာတ်ကားကHorror ဆိုပေမဲ့ လျှို့ဝှက်ဆန်းကြယ်ဖြစ်စဉ်တွေနဲ့ ပေါင်းစပ်ထားတာဖြစ်တဲ့အတွက် ပုံမှန်သရဲကားတွေလို ခြောက် လန့်ပြေးမဟုတ်ဘဲ ခေါင်းနည်းနည်းသုံးပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ပုံစံမျိုးဖြစ်ပါတယ်။ဇာတ်လမ်းရဲ့ အစမှာတော့ အောင်မြင်တဲ့သည်းထိတ်ရင်ဖိုစာရေးဆရာတစ်ဖြစ်လည်း ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ တက်ဒီ့ကိုတွေ့ရမှာဖြစ်ပါတယ်။သူဒီနေ့အလုပ်လာတဲ့ ရက်မှာတော့သူ့ရုံးခန်းကိုဂျက် ဆိုတဲ့လူတစ်ယောက်ကရောက်နေပါတယ်။ဂျက်ကတော်တော်ထူးဆန်းတဲ့လူတစ်ယောက်ဖြစ်ပြီး လာရင်းအကြောင်းလည်းမပြောသလို သူဘယ်သူဆိုတာကိုလည်းမပြောပြပါဘူး။ဒါပေမယ့်သူက တက်ဒီ့မှာသေဆုံးပြီးသား လူတွေကိုမြင်နေရတဲ့ အစွမ်းတစ်ခုရှိနေတာကို သိပြီးတော့ အဲ့ဒီအစွမ်းကိုအသုံးချဖို့လိုအပ်တဲ့အတွက်အကူအညီလာတောင်းတာလို့တော့ပြောပါတယ်။ဘာကိစ္စအတွက်တက်ဒီ့ အစွမ်းတွေကို လိုလဲဆိုတာကတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းက ကမ့်ပ်တွန်ဆိုတဲ့အိမ်တော်ကြီးမှာလူတွေအစုလိုက်အပြုံလိုက်သေဆုံးခဲ့ကြပြီး ဘာလို့သေဆုံးခဲ့ရလဲဆိုတာကိုအခုထက်ထိအဖြေမရှာနိုင်သေးတဲ့ အမှုအတွက်ပဲဖြစ်ပါတယ်။တက်ဒီကတော့စိတ်မပါပေမဲ့ ဂျက်ကအတင်းအကြပ်ခေါ်နေတဲ့အတွက်ပါသွားခဲ့ပြီးနောက်မှာတော့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ကမ့်ပ်တွန်အိမ်တော်ကြီးကိုရောက်ခဲ့ပါတော့တယ်။အဲ့ဒီကစပြီးတော့တက်ဒီနဲ့ ဂျက်နှစ်ယောက်အိမ်ကြီးထဲဝင်သွားခဲ့ကြပြီးနောက် ဒီအိမ်ကြီးမှာဖြစ်ခဲ့တဲ့ လူသတ်မှုတွေရဲ့ နောက်ကွယ်မှာဘယ်လိုလျှို့ဝှက်ဆန်းကြယ်မှုတွေရှိနေလဲ ဆိုတာကို အဖြေရှာကြပုံကို ကြည့်ရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

A horrifying psychological thriller about Teddy, an author/spiritualist who specializes in the horror genre. Teddy’s career is based on investigating haunted houses and creating novelized versions bases on his experiences. A surprising warning in a previous investigation has led him to research and investigate the notorious “Campton Ball” incident which took place on New Years eve many decades before. An incident that concluded with the unexplained deaths of everyone in attendance. On the anniversary of the tragedy, he spends the night in the abandoned manor only to find that his unique talents to see the dead have allowed him to become a part of the original event. A talent that will either solve the mystery or drive him completely mad. Written by Jerry Wordsmith

Server HYServer HE
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments