အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

C.R.A.Z.Y. 2005 ဒီရုပ်ရှင်က IMDb 7.8/ ခရမ်းသီးပုပ် 100% နဲ့ Meta score 81 အထိရရှိခဲ့ပြီး ဆုပေါင်း ၃၈ ခုပိုင်ဆိုင်ခဲ့တဲ့ ဟောင်းပေမဲ့ ကောင်းနေဆဲ ပြင်သစ် Drama/ Coming of age ရုပ်ရှင်လေးပါ။ နာမည်ကို C.R.A.Z.Y လို့ပေးထားခြင်းက ဒီရုပ်ရှင်ထဲက ညီအစ်ကိုငါးယောက်ဖြစ်တဲ့ Christian, Raymond, Antoine, Zachary နဲ့ Yv‌an တို့ရဲ့ ရှေ့ဆုံးနာမည်အက္ခရာတွေကို ကြီးစဉ်ငယ်လိုက်စီထားတာကြောင့်ပါ။ ဇာတ်အိမ်ကိုတော့ ၁၉၆၀ ခုနစ်ကျော်ကာလမှာတည်ထားပါတယ်။ကတ်သလစ်ဘာ၀င် ပြင်သစ်ကနေဒီယန် မိသားစုတစ်ခုမှာ သားချည်းပဲ ငါးယောက်ထွန်းကားခဲ့တယ်။ အိမ်ထောင်ဦးစီးဖြစ်တဲ့ အဖေကြီးက ချမ်းသာကြွယ်၀သူတစ်ဦးဖြစ်ပြီး ရှေးရိုးလည်းသိပ်စွဲတတ်တဲ့သူကြီးပါ။ သူရဲ့သားငါးယောက်လုံးကတော့ စာဂျပိုး၊ လူပေလူတေ၊ အားကစားရူး စသဖြင့် တစ်ဦးနဲ့တစ်ဦး နည်းနည်းလေးမှမတူတဲ့ ပင်ကိုစရိုက်လက္ခဏာ ကိုယ်ရည်ကိုယ်သွေးတွေကို ပိုင်ဆိုင်ထားကြတယ်။ ဒီညီအစ်ကိုတွေလိုပဲ ဇာတ်လိုက်ကျော် Zachary၊ ဇက် မှာလည်း ထူးခြားတဲ့ပင်ကိုယ်သဘာ၀တွေရှိတယ်။ဇက်က ခရစ်စမတ်နေ့မှာ‌မွေးတဲ့သူဖြစ်ပြီး ခရစ်တော်နဲ့မွေးနေ့တူလို့ ခရစ်တော်ကပေးသနားထားတဲ့ ပါရမီတစ်ခုကို ပိုင်ဆိုင်ထားတယ်လို့ ဇက်ရဲ့အမေကယုံကြည်ထားတယ်။ ညီအစ်ကိုငါးယောက်လုံးက တစ်ယောက်နဲ့တစ်ယောက် စရိုက်လက္ခဏာတွေမတူကြဘူးဆိုပေမဲ့ ဇက်ကတော့ ကျန်တဲ့လေးယောက်နဲ့ တော်တော်လေးကို ကွာခြားတယ်လို့ပြောရမယ်။ ဇက်က သားယောက်ျားလေးဖြစ်ပါလျက်နဲ့ နူးညံ့သိမ်မွေ့လွန်းလို့ ဖခင်ဖြစ်သူကြီးက မကြာမကြာ အားမလိုအားမရဖြစ်ရတယ်။ ဇက်တို့မိသားစုက ကတ်သလစ်မိသားစုပီပီ နှစ်စဉ် ခရစ်စမတ်နေ့တိုင်းမှာ မိသားစု အမျိုးအဆွေ စုံစုံလင်လင်နဲ့ ညစာစားပွဲကြီးကိုကျင်းပလေ့ရှိကြတယ်။
ညီအစ်ကိုတွေ ဘယ်လိုပဲမတည့်ပါစေ၊ သဘောထားတွေဘယ်လိုပဲကွဲလွဲနေပါစေ၊ တစ်နှစ်တစ်ခေါက်တော့ ညစာစားပွဲမှာဆုံကြတာချည်းပဲ။ ဒီလိုနဲ့ ဒီညီအစ်ကိုတွေ ဆယ်ကျော်သက်လူငယ်အရွယ်ရောက်လာကြတဲ့အခါမှာတော့ သူတို့တစ်ဦးချင်းစီရဲ့ ပင်ကိုစရိုက်လက္ခဏာတွေ၊ ကိုယ်ပိုင်ရွေးချယ်မှုတွေ၊ ဘာသာရေးခံယူချက်‌တွေက ရှေးရိုးစွဲအဖေကြီးရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့သူကကိုက်ညီ၊ သွေဖီတဲ့သူကသွေဖီဖြစ်လာခဲ့တယ်။ ဒီအခက်အခဲတွေကို ရင်ဆိုင်လာရတဲ့အထဲမှာ ဇက်တစ်ယောက်က အဆိုးဆုံးပေါ့။ဒီရုပ်ရှင်ထဲက ကာရိုက်တာတည်ဆောက်ပြမှုတွေက တော်တော်ကိုထောင့်စေ့တယ်ပြောရမယ်။ အက်တင်ဘာညာဆိုတာကတော့ ပြောစရာကိုလိုမယ်မထင်ဘူး။ ဆယ်ကျော်သက်လူငယ်တွေရဲ့စရိုက်သဘာ၀တွေ၊ စိတ်ခံစားချက်တွေကို ကွက်ကွက်ကွင်းကွင်းကိုမြင်ရမှာ။ အထူးသဖြင့် ဇက် မွေးလာတဲ့အချိန်ကစလို့ ဆယ်ကျော်သက်ဖြစ်လာတဲ့အချိန်ထိ နှစ်စဉ် ညစာစားပွဲကြီးမှာ တဖြည်းဖြည်းအရွယ်ရောက်လာတဲ့ ညီအစ်ကိုငါးယောက်ရဲ့ ပြောင်းလဲလာတဲ့ကာရိုက်တာတွေကို တစ်နှစ်ပြီးတစ်နှစ် မီးမောင်းထိုးရိုက်ပြထားတယ်။၁၉၆၀၊ ၇၀၊ ၈၀ ဓာတ်ပြားခေတ်ရဲ့ ဂီတသံစဉ်တွေ၊ အဲဒီခေတ်ကာလက လူငယ်ယဉ်ကျေးမှု‌၊ ၀တ်ပုံစားပုံတွေကိုလည်း ရှုမြင်ရဦးမှာ။ လိုလေသေးမရှိဖြည့်ဆည်းပေးနိုင်ပေမဲ့ အတွေးအခေါ် ခံယူချက်တွေကတော့ ရှေးရိုးစွဲနေတဲ့ အဖေဖြစ်သူကြီးနဲ့ သားငါးယောက်ရဲ့ဇာတ်လမ်းကို ၂ နာရီကျော် တ၀ကြီးကြည့်ရှုခံစားလိုက်ကြပါဦး။ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးအသုံးအနှုန်း နဲ့ ရိုက်ချက်တချို့ပါ၀င်တာကိုတော့ သတိချပ်ပေးပါ။

Born Christmas Day 1960, Zac Beaulieu is the fourth of five sons of Gervais and Laurianne Beaulieu. Zac feels somewhat disconnected to his brothers, all of whom are different from each other. They include the bookworm Christian who is the eldest, the dumb jock Antoine who is third, and the youngest Yvan. But Zac has the most contempt for his second eldest brother, the shiftless druggie Raymond. To his devout Catholic mother, Zac is her miracle son, both for being born the same day as Jesus Christ (a fact which Zac has always hated), and because a Tupperware-selling mystic once told her that he has the power to heal. Laurianne has always coddled Zac, the two who have a special if unspoken bond. But Zac wants more to please his father, who wants more than anything in his sons that they grow up to be man’s men and not sissies. As Zac goes through his mid-teens to early twenties, Zac isn’t sure if he can live up to the ideals of either his mother or especially his father. A young man with stress-induced asthma, Zac just wants to be what he considers normal, which includes getting rid of his asthma. But more importantly, he wants to get rid of the underlying thoughts that he has and which most going through puberty have, but that for him are becoming more prevalent as he grows older. Written by Huggo

Show more...