A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

American Heist: ဒီဇာတ်လမ်းလေးကတော့ ဘဏ်ဓါးပြတိုက်ကြတဲ့
ညီအစ်ကိုနှစ်ယောက်အကြောင်းဇာတ်လမ်းလေးပါ…။သရုပ်ဆောင်ထားတဲ့ မင်းသားတွေကတော့ အထူးမိတ်ဆက်ပေးစရာမလိုတဲ့ မင်းသားတွေပါပဲ Jumber မင်းသား၊
Star Warsထဲကအန်နာကင်စကိုင်းဝေါ့ကာအဖြစ်သရုပ်ဆောင်တဲ့ Hayden Christensen လူဆိုးဇာတ်ရုပ်ဆိုပီပြင်တဲ့ မင်းသားAdrien Brody…နောက်ပြီး F&Fထဲက မင်းသမီးချော Jordana Brewsterကိုလည်းမြင်တွေ့ရဦးမှာပါ…။ ဇာတ်လမ်းအကျဥ်းကိုပြောပြရရင်…ဂျိမ်းမှာ ဒုစရိုက်မှုဆိုရင် အမြဲပျော်မွေ့တတ်တဲ့ ဖရန်ကီဆိုတဲ့အစ်ကိုတစ်ယောက်ရှိပါတယ်…။လူငယ်ဘဝမှာ ရဲတစ်ယောက်ကို သေနတ်နဲ့ပစ်သတ်ခဲ့တာကြောင့်ထောင် ၁၀နှစ်ကျခဲ့တဲ့ဖရန်ကီဟာ ထောင်ကထွက်လာပြန်တော့လည်း မမှတ်သေးဘဲ သူခိုးဂျပိုးတွေနဲ့ထပ်ပေါင်းပြန်တယ်….။ဒီလိုလူပေါင်းမှားတတ်တဲ့ ဖရန်ကီဟာ ဘယ်လောက်ပဲဆိုးသွမ်းအသုံးမကျနေပါစေ… ညီဖြစ်သူ ဂျိမ်းကိုတော့ အတော်ဂရုစိုက်တတ်သူပါ…။ဒီတစ်ခါလည်း ဖရန်ကီဘဏ်ဖောက်ဖို့ကြံပြန်ပါပြီ…။ဂျိမ်းက နောက်ကနေလိုက်ထိန်းရပြန်ပြီပေါ့…။သူတို့ရဲ့ အစီအစဥ်ကြီးက တကယ်ပဲအလုပ်ဖြစ်ပါ့မလား…။ဂျိမ်းကရော အစ်ကိုဖြစ်သူရဲ့ ဘဏ်ဖောက်မယ့်အကြံထဲဘယ်လိုပါသွားမလဲ…ဘဏ်ဖောက်မှုအောင်မြင်ပါ့မလားစတဲ့Crime Actionတွေအပြင် ညီအစ်ကိုကြား ကြီးမားလွန်းလှတဲ့မေတ္တာတရားကိုပါ ခံစားရမယ့် Drama ကားလေးဖြစ်ပါတယ်…။

Show more...