Blood Pay: 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။သုခဘုံဆိုတာဟာ AI တွေက အလုပ်သမားစျေးကွက်ကိုဝင်ရောက်လုယူသွားပြီး အလုပ်လက်မဲ့နှုန်းတွေမြင့်တက်လာ၊လူငယ်တွေဟာလည်း အွန်လိုင်းကမ္ဘာထဲမှာသာ နစ်မျောနေပြီး လူသားချင်းထိတွေ့ဆက်ဆံမှု ကင်းပျောက်လုနီးပါး ပျက်ကိန်းဆိုက်နေတဲ့အနာဂတ်ကမ္ဘာထဲက မြို့တစ်မြို့ဖြစ်ပါတယ်။အဲ့ဒီမှာမှ ဂျွန်ဆိုတဲ့လူတစ်ယောက်ကတော့ ခေတ်နဲ့လိုက်လျောညီထွေပြောင်းလဲနိုင်တဲ့အတွက်ပူပင်စရာမရှိလောက်အောင်ပြီးပြည့်စုံတဲ့ဘ၀တစ်ခုကိုပိုင်ဆိုင်နေပြီး ဘေးလူမနာလိုချင်စရာအနေအထားမျိုးပါ။ဒါပေမယ့် ပြီးပြည့်စုံလွန်းတဲ့ဂျွန်ဟာ ဘ၀မှာ ဘယ်အရာကိုမှ စိတ်ကျေနပ်မှု၊ပြည့်စုံမှုမရနိုင်တော့ပဲ စိတ်ကျရောဂါဖိစီးနေပြီး ကိုယ်ကိုယ်ကိုသတ်သေဖို့အထိပါတွေးနေမိပါတယ်။တစ်နေ့တော့ အွန်လိုင်းက ကြော်ငြာတစ်ခုကောင်းမှုနဲ့ BLOOD-PAY ဆိုတဲ့ AI ဖျော်ဖြေရေးကိရိယာတစ်ခုကို ဝယ်ယူမိသွားခဲ့ပါတယ်။အဲဒီကိရိယာမှာ သူနဲ့ဆက်ဆံပြောဆိုတဲ့ အိဗ်ဆိုတဲ့ Ai မလေးကို အစွဲလန်းကြီးစွဲလန်းမိတဲ့နောက်မှာတော့ ဂျွန်ဟာ အိဗ်ညွှန်ကြားသမျှရူးရူးမိုက်မိုက်လိုက်လုပ်ရင်း ရုန်းထွက်ရခက်တဲ့ရမ္မက်နွံထဲကို ကျဆင်းသွားပါတော့တယ်။အချိန်လွန်မှသိလိုက်ရတာကတော့ BLOOD-PAY ဆိုတဲ့အတိုင်းသူ့ရဲ့ဝန်ဆောင်မှုကို သွေးနဲ့ပေးချေရတယ်ဆိုတာပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)
“Paradise” is a city in a dystopian future where AI is taking over the labor market, leading to widespread unemployment and social isolation. John has managed to adapt, securing himself an enviable standard of living, but something dark has taken root within him, dragging him into an abyss of apathy and dissatisfaction. By pure chance-or perhaps not-a web advertisement for a site called “BLOOD-PAY” catches his attention. It promotes a device powered by AI that claims to offer extraordinary experiences. John will soon have to face Eva, a seductive and manipulative digital entity that will upend his life, because humans and machines might have more in common than one might think. Written by Uberto Morosi