A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Blondi : IMDb 6.7/ Rotten Tomatoes 86% ရထားတဲ့ မိသားစု ဟာသ ဒရာမာရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဘလွန်ဒီ နဲ့ မီကိုတို့က အသက် ၁၅ နှစ်ပဲကွာတဲ့ သားအမိနှစ်ယောက်ပါ။ ဘလွန်ဒီမှာ မာတီနာလို့ခေါ်တဲ့ ၂ နှစ်လောက်ကြီးတဲ့ အစ်မတစ်ယောက်ရှိတယ်ပေါ့။ သူ့အစ်မမှာကလည်း မိသားစုနဲ့။ ဘလွန်ဒီ နဲ့ သူ့သား မီကိုတို့က အသက်အရွယ်အရမ်းမကွာတာကြောင့် အချင်းချင်းသူငယ်ချင်းပေါင်းပေါင်းကြတယ်။ အမေနဲ့သားပဲရှိတာကြောင့် အချင်းချင်းလည်းအရမ်းတွယ်တာကြတာပေါ့။
တစ်ရက်မှာတော့ မီကိုက သူ့အနာဂတ်အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကြီးတစ်ခုကိုချလိုက်တယ်။ ဒါပေမဲ့ သူ့အပေါ်အရမ်းတွယ်တာတဲ့ အမေဖြစ်သူကိုတော့ အားနာတာကြောင့် ဒီအစီအစဉ်ကိုမပြောပြဘဲနေနေပါတယ်။ ဒီအချိန်မှာ အဒေါ်ဖြစ်သူမာတီနာတစ်ယောက် အိမ်ကနေရုံးကိုသွားရာလမ်းမှာ ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ဘလွန်ဒီ နဲ့ မီကိုတို့သားအမိ ကားတစ်စီးနဲ့ မာတီနာကိုလိုက်ရှာကြပါတော့တယ်။ မိသားစုရုပ်ရှင်လေးဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ကောင်းမယ့်ကားလေးပါ။အထူးသဖြင့် အမေနဲ့သားအကြားမှာ age gap အရမ်းမကွာတဲ့အခါ အမေဖြစ်သူနဲ့ သူငယ်ချင်းပေါင်းပေါင်း၊ ဆေးခြောက်အတူသောက်၊ အတူတူပါတီသွားကြတဲ့ မီကိုနဲ့ ဘလွန်ဒီတို့ရဲ့သားအမိဆက်ဆံရေးလေးက ထူးခြားပြီးချစ်စရာကောင်းပါတယ်။ အမေနဲ့သားအကြားက အချစ်ရယ်၊ မိသားစုအကြောင်းရယ်ကို ဟာသလေးနှောပြီးရိုက်ကူးထားတာကြောင့် အပန်းဖြေကြည့်ရှုဖို့သင့်တဲ့ကားလေးတစ်ကားဖြစ်ကြောင်းညွှန်းပေးလိုက်ပါတယ်။

Blondi became a mother when she was just 15 years old. Today her son Mirko is a twenty-something with a talent for comic books and she is a woman who acts more like a best friend than a mother, sharing different hobbies with him, such as going out to concerts, and the consumption of alcohol and weed. The only difference between them is that Mirko is looking for a future in the form of a scholarship that he dreams of winning to study abroad, while Blondi finds herself living in eternal adolescence. In addition, Blondi also has to act as an anchor for her sister, who is trapped in a routine marriage from which she wants to escape, as well as having to deal with her own mother. Thus, she starts to become an anti-stereotype that shows that responsibility and debauchery can coexist. Written by exe_malaga93

Show more...