MELBET
အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

IMDb Rating (8.7) / Rotten Tomatoes (91 %)

Stranger Things စီးရီးကို 4K Quality နဲ့ ထပ်မံတင်ဆက်လိုက်ပါတယ်။

++++++++++++++

Netflix ကနေ ထုတ်လွှင့်နေပြီး လူကြိုက်များ ရေပန်းစားနေတဲ့ စီးရီးအသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။
ဒါကတော့ Stranger Things Series လေးပါ။
သဘာဝလွန်ဖြစ်ရပ်တွေ ခြောက်ခြားစရာဇာတ်လမ်းတွဲတွေကို ခုံမင်သူပရိသတ်တွေအတွက်ကတော့အကြိုက်ဖြစ်မှာပါ။
2016 ခုနှစ်မှာ စတင်ထွက်ရှိထားပြီး Sci-Fi, Thriller, Horror အမျိုးအစားဖြစ်ပါတယ်။

ဒီစီးရီးလေးက ၁၉၈ဝခုနှစ်များမှာ ဇာတ်အိမ်တည်ထားပါတယ်။
ဆယ်ကျော်သက်ကလေးတွေရဲ့ပီပြင်လွတ်လပ်တဲ့သရုပ်ဆောင်ချက်တွေရယ်
ခိုင်မာတဲ့ဇာတ်အိမ်ရယ်ကမပျင်းမရိ ကြည့်လို့ကောင်းအောင်ပံ့ပိုးပေးထားနိုင်တယ်လို့ပြောရမှာပါ။

ဒီလောကကြီးနဲ့အပြိုင် တခြားလောကတွေ မြေအောက်ကမ္ဘာတွေ ထူးဆန်းအံ့သြဖွယ် သတ္တဝါတွေရှိတယ်လို့ယုံကြည်ကြပါသလား။
အကယ်၍ ရှိခဲ့မယ်ဆိုရင်ရော ဘယ်လိုမျိုးများဖြစ်မလဲ ဘယ်လိုပုံစံနဲ့တည်ရှိနေမှာလဲ
ဒီကမ္ဘာနဲ့ဘယ်လိုများဆက်စပ်နေမှာလဲလို့ တွေးကြည့်ခဲ့ဖူးပါသလား။
ဒီလိုစိတ်ကူးတွေကို ဒီစီးရီးလေးကပုံဖော်ပေးထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့……..
ဟော့ကင်းမြို့ကလေးဟာ တိတ်ဆိတ်အေးချမ်းပြီး ရာဇဝတ်မှုတွေကင်းလို့ အေးချမ်းတဲ့နယ်မြို့လေးတစ်မြို့ပါ။
ဒီမြို့လေးမှာ ဉာဏ်ကောင်းပြီးသွက်သွက်လက်လက်ရှိတဲ့ “မိုက်ကယ်” ၊
ချစ်စရာကောင်းပြီး အစားပုတ်တဲ့ “ဒက်စတင်” ၊
သိပ္ပံပညာကို ၀ါသနာအရမ်းပါပြီး စကားတတ်တဲ့ ကပ္ပလီလေး “လူးကပ်စ်”၊
လူကြောက်တတ်ပြီး ရိုးရိုးအေးအေးနေတတ်တဲ့ “ ဝေလ်” ဆိုတဲ့ ၁၂ နှစ်အရွယ်
အရမ်းချစ်ကြတဲ့သူငယ်ချင်းလေးလေးယာက်ရှိပါတယ်။

ဟော့ကင်းမြို့လေးနဲ့ မနီးမဝေးမှာ အမေရိကန်အစိုးရရဲ့ သုတေသနဌာနကြီးတစ်ခုရှိပါတယ်။
အဲဒီဌာနကတော့ အဓိကစိတ်နယ်လွန်ဖြစ်ရပ်တွေနဲ့ စိတ်စွမ်းအားတွေကို အထူးပြု လျှို့ဝှက်လေ့လာနေတဲ့သုတေသနဌာနကြီးပါပဲ။

တစ်နေ့တော့ သူငယ်ချင်းလေးယောက်ထဲက “ဝေလ်” တစ်ယောက် ပျောက်ချင်းမလှပျောက်ဆုံးသွားပါတော့တယ်။
တစ်ပြိုင်နက်တည်းမှာပဲ စမ်းသပ်ခန်းတစ်ခုနေ ထွက်ပြေးလာတဲ့ ဘာဆိုဘာမှသိပ်မသိပေမယ့်
စိတ်စွမ်းအားတွေ ပိုင်ဆိုင်တဲ့ “အဲလ်လဗင်း” ဆိုတဲ့ကလေးမလေးလည်း ဒီမြို့ထဲကို ထွက်ပြေးလွတ်မြောက်လာပါတယ်။

-ဘာကြောင့် ဝေလ်က ပျောက်ဆုံးသွားရတာလဲ
– ဝေလ် ပျောက်ဆုံးမှုကရော အဲလ်လဗင်းနဲ့ ဘယ်လိုများဆက်စပ်ပတ်သတ်နေလဲ
– သူတို့ အချစ်ဆုံးသူငယ်ချင်းလေး ဝေလ်ကိုရော သူ့ဘော်ဒါသူငယ်ချင်းတွေ
ဘယ်လိုလိုက်ရှာမလဲဆိုတာကိုတော့……..။

ဒီစီးရီးလေးနဲ့ပတ်သတ်ပြီး ထူးခြားချက်လေးက ကလေးသရုပ်ဆောင်တွေကိုအဓိကနေရာကနေထားပြီး သုံးသွားတာပါ။
ဒါပေမယ့် ဒီစီးရီးက ကလေးပရိသတ်အတွက်သီးသန့်စီးရီးလိုမျိုး မဟုတ်ပါဘူး။
ဒီကားကို Netflix က မထုတ်လွင့်ခင်က တခြားရုပ်သံလိုင်းပေါင်း ၁၅ ခုက ကလေးတွေနဲ့ပဲ အဓိက သရုပ်ဆောင်ထားလို့ ငြင်းပယ်ခဲ့ဖူးပါတယ်တဲ့။

ဒီကားကို စိတ်ကြိုက်ပုံဖော်နိုင်ဖို့ ဒါရိုက်တာက ကလေးသရုပ်ဆောင်ပေါင်း ၁၀၀၀ ကျော်လောက်နဲ့
စမ်းရိုက်ကြည့်ပြီးမှ ဒီအဓိကဇာတ်ဆောင် ကလေးတွေကို ရွေးချယ်ထားတာပါ။
ဒါကြောင့်လည်း Season 1 ထုတ်လွင့်ပြီးချိန်မှာ အရမ်းကိုလူကြိုက်များအောင်မြင်ခဲ့ပါတယ်။
ဒါကြောင့် အဆက်တွေဆက်လက်ထွက်ရှိခဲ့ပါတယ်။
In a small town where everyone knows everyone, a peculiar incident starts a chain of events that leads to a child’s disappearance, which begins to tear at the fabric of an otherwise-peaceful community. Dark government agencies and seemingly malevolent supernatural forces converge on the town, while a few of the locals begin to understand that more is going on than meets the eye. Written by Charles J.

Show more...