Love, Dream, Game: အချစ်က ဂိမ်းပွဲတစ်ခုဆိုရင်… ဘယ်သူနဲ့အတူကစားချင်လဲ…
စိတ်ကူးပုံဖော်ထားတဲ့ ပြီးပြည့်စုံတဲ့ ချစ်သူရဖို့အတွက်
ဆိုးတူကောင်းဖက် လက်တွဲခဲ့တဲ့ ချစ်သူကို လက်လျှော့ရမယ်ဆို လက်ခံနိုင်လား….
လက်ခံနိုင်တယ် ဆိုတဲ့သူတွေ ဒီကားဆက်ကြည့်နိုင်ပါပြီ….
လက်မခံနိုင်ဘူး… ဘယ်သူက ဒီလိုမျိုး ဆိုးတူကောင်းဖက်
ချစ်ခဲ့သူကို လက်လွှတ်မှာလဲ ဆိုသူတွေလည်း ဆက်ကြည့်ပြီး အဖြေရှာနိုင်ပါပြီ….ဒီကားလေးမှာတော့ အနားမှာရှိတဲ့ ချစ်သူကို ငြိုငြင်မှုတစ်သိန်းနဲ့…
မျက်နှာပြင်ပေါ်က လိုက်ဖ်လွှင့်သူကိုမှ ရည်းစားတော်ချင်နေတဲ့ ကောင်လေးနဲ့…
တီဗီဖန်သားပြင်ပေါ်က မင်းသားကိုမှ ယောက်ျားအဖြစ်ယူချင်နေတဲ့ ကောင်မလေးနှစ်ယောက်ဟာ…
သဘောထားကွဲလွဲမှုတွေကနေ လမ်းခွဲဖို့အထိ ဖြစ်လာခဲ့တာပေါ့…
တိုက်တိုက်ဆိုင်ဆိုင် အချစ်အိပ်မက်ဂိမ်းကို အတူကစားဖြစ်ခဲ့တယ်…
သူတို့ရဲ့ ဆန္ဒမပြည့်ဝသရွေ့ မူလဘဝကို ပြန်မသွားနိုင်ဘူးတဲ့…
အချိန်ကလည်း သတ်မှတ်ထားသေးတယ် ၄၈ နာရီတဲ့…နှစ်ယောက်က ပြိုင်ဖက်တွေအဖြစ် သူ့ထက်ငါဦးအောင်
မစ်ရှင်ဆောင်ရွက်နိုင်မှလည်း ဆုကြေးကို ပိုင်ဆိုင်ဦးမှာပါတဲ့…
ကဲ အချစ်အိပ်မက်ကစားပွဲမှာ… သူတို့စိတ်ကူးထဲက သူတွေနဲ့ပဲ ဖူးစာပါမလား…
လက်တွဲဖော်နဲ့ပဲ ရွှေလက်တွဲသွားနိုင်မှာလား…
Watch
Episodes
Movie plot
Show more...