A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Light Off
Report
100 view

The Killer Inside: The Ruth Finley Story – အသစ်ထွက်ရှိထားတဲ့ ဖြစ်​ရပ်မှန် မှုခင်းဇာတ်ကားလေးဖြစ်ပါတယ်။ Crime/Thriller အမျိုးအစားဖြစ်ပြီး ၁၉၇၀ ကျော်​ခုနှစ်​တွေက အမှန်​တကယ် ဖြစ်ပွား​ခဲ့တဲ့ Ruth Finley ဆိုသူ​ အမျိုး​သမီး​တစ်ဦး​ရဲ့ ဖြစ်​ရပ်​မှန်​ကို ရိုက်​ကူး​ထားတာ​ ဖြစ်​ပါတယ်။ Lois & Clark စီးရီးထဲက Louis Lane အဖြစ် သရုပ်ဆောင်​ခဲ့တဲ့ Teri Hatcher က Ruth Finley အဖြစ်​ ပါဝင်​ထား​ပါတယ်။ဇာတ်လမ်း​အကျဥ်း​ကတော့​ ၁၉၈၀ မတိုင်မီကာလတွေမှာ အမေရိကန်​ပြည်ထောင်​စု ကန်း​ဆတ်​စ်​ပြည်နယ်​ Wichita မြို့​မှာ BTK killer ဆိုတဲ့ ကွင်း​ဆက်​လူသတ်သမား တစ်ဦး​ သောင်းကျန်းနေခဲ့ပါတယ်။ Ruth ဆိုတဲ့ အမျိုး​သမီး​တစ်ဦးဟာ ခင်​ပွန်း​ဖြစ်​သူ Ed Finley နဲ့အတူ Wichita မြို့​မှာနေထိုင်ပါတယ်။ တစ်နေ့​မှာ ခင်ပွန်း​ဖြစ်​သူ နှလုံး​ရောဂါ​ကြောင့်​ ဆေးရုံ​တင်​လိုက်ရပြီး မကြာခင်မှာပဲ Ruth ဆီကို​ အမည်​မသိ​လူတစ်ဦးကနေ ဖုန်း​ခေါ်ဆို​မှုတွေ၊ ခြိမ်း​ခြောက်​စာတွေ ရရှိလာပါတော့တယ်။
Ruth နောက်​ကိုလည်း​ တစ်စုံ​တစ်​ယောက်​က ထက်ကြပ်​မကွာ နောက်​ယောင်​ခံစောင့်ကြည့်နေသလို ခံစား​မိတာကြောင့် ရဲတိုင်ခဲ့ပေမဲ့လည်း ထူး​ဆန်း​စွာနဲ့ သဲလွန်စ​တစ်ခုမှ ရှာမတွေ့ခဲ့ပါဘူး။ Ruth ကို နောက်​ယောင်​ခံ​လိုက်​နေသူက နာမည်​ကြီး BTK killer ပဲလား၊ တခြား​တစ်ယောက်​လား၊ Ruth တစ်ယောက်​ ဒီလို​ကြုံတွေ့​နေခြင်း​ နောက်​ကွယ်​မှာ အကြောင်း​ရင်းတစ်ခုခုရှိလား ဆိုတာ​ကို စိတ်ဝင်စား​ဖွယ်​ ကြည့်​ရှု​ရမှာဖြစ်ပါတယ်။ဒီဇာတ်ကားက​ TV ရုပ်​သံ​လိုင်း​ကနေ ပြသတဲ့ ရုပ်​ရှင်​ဖြစ်ပြီး ဇာတ်​လမ်း​ဇာတ်​အိမ်က ရိုး​ရှင်းပေမဲ့ အချိန်​ပေးကြည့်ရှုလို့ အဆင်ပြေမဲ့ ဇာတ်ကား​တစ်ခုဖြစ်ပါတယ်။ တကယ့်ဖြစ်ရပ်မှန်ကို အခြေ​ခံထားတာကြောင့်လည်း ပိုပြီး​စိတ်ဝင်စား​ဖို့ ကောင်းပါ​တယ်။

After her husband’s close call with a heart attack, his wife feels haunted by a serial slayer and struggles to determine whether this stalker is imagined or real.

Server HYServer HE
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments