အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
My Merry Marriage
Watch

My Merry Marriage

Gyeor-hon-ha-ja Maeng-kkong-a!

30 min

Now showing: Ep 26/50

Latest EP: 262524

Country: South Korea

Actors: Kim Sa-kwonLee Eun-hyungLee Yeon-dooPark Ha-naPark Sang-namPark Tam-hee

Genres: Drama, Family, Romance

0/ 5 0 votes
Movie plot

My Merry Marriage: အပိုင်းသစ် (၂၇)

မိသားစု ဇာတ်လမ်းတွဲရှည်တွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက်
ဒီတစ်ခေါက် အသစ်ထွက်ရှိလာတဲ့ My Merry Marriage ဆိုတဲ့
ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

မိန်ဂုံဟီး(Park Ha Na)ဟာ J-Fashion ကုမ္ပဏီမှာ
ဒီဇိုင်နာအဖြစ် လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး
ကိုယ်ကျင့်စရိုက်အရဆိုရင်တော့ ထက်မြက်ပြီး ရဲရင့်တဲ့ အမေ့သွေးနဲ့
အားကစား စွမ်းရည်ရှိတဲ့ အဖေ့သွေးတွေ စီးဆင်းနေတဲ့ ကောင်မလေးပါ။
မိန်ဂုံဟီးမှာ မိန်ဂုံဘူလို့ ခေါ်တဲ့ ဆရာဝန် အစ်ကို တစ်ယောက်လည်း ရှိပါသေးတယ်။

ဂုံဟီးတစ်ယောက် J-Fashion ကုမ္ပဏီမှာ အလုပ်လုပ်နေရင်း
ငယ်သူငယ်ချင်းဖြစ်သူ ဂူဒန်းဆူနဲ့ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။
တကယ်တော့ ဒန်းဆူဟာ J-Fashion ကုမ္ပဏီက
ဥက္ကဌကြီးရဲ့ မြေးဆိုလည်း မမှားပါဘူး။
ရေမြေရပ်ခြားမှာ နေထိုင်ရင်း လွတ်လွတ်လပ်လပ် ရှင်သန်ချင်တဲ့ ဒန်းဆူဟာ
အမွေဆက်ခံရမဲ့ ကိစ္စရပ်တွေကြောင့် ကိုရီးယားကို ပြန်ရောက်ရှိလာပြီး
ငယ်သူငယ်ချင်း မိန်ဂုံဟီးနဲ့ ပြန်လည်ဆုံတွေ့ခဲ့တာပဲ ဖြစ်ပါတယ်။

မိသားစု၊ အချစ်၊ အလွမ်းနဲ့ ဟာသ ရသလေးတွေ ရောနှောပြသတတ်တဲ့
ဇာတ်လမ်းတွဲရှည်တို့ရဲ့ သဘောသဘာဝ အပြင်
ပျော်ရွှင်ခြင်းရဲ့ အဓိပ္ပာယ်ကိုပါ ပုံဖော်ပြသဦးမဲ့
ဒီဇာတ်လမ်းတွဲလေးကို တနင်္လာမှ သောကြာနေ့အထိ နေ့စဉ် စောင့်မျှော်အားပေးနိုင်ပါပြီ။

Main Cast တွေ အနေနဲ့ကတော့
Mysterious Personal Shopper, Fatal Promise စတဲ့
ဇာတ်လမ်းတွဲတွေထဲက မင်းသမီး Park Ha Naနဲ့
The Heavenly Idol ဇာတ်လမ်းတွဲထဲက မင်းသား Park Sang Namတို့က
Main Cast အဖြစ် ပါဝင်ထားပါတယ်။

ဒါ့အပြင် Supporting Castအများစုကလည်း
ပရိသတ်တွေ ရင်းနှီးပြီးသား သရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။

(အညွှန်းကို Treasure Htet မှ ရေးသားပေးထားပါတယ်)
Maeng Kong-Hee inherited her mother’s strong spirit and her father’s athletic ability. She has the drive to survive even if she was stranded on a deserted island. She has an older brother, Maeng Kong-Bu, who also has a strong personality and works as a doctor. For Meang Kong-Hee, she works as a contract designer for J-Fashion. At her workplace, she reunites with Koo Dan-Soo, who is her childhood friend. Koo Dan-Soo is the grandson of the chairman of J-Fashion. He was born to a wealthy father and a poor mother. With his free-spirit, Koo Dan-Soo lived in a foreign country, but, according to his grandmother’s plan to make Koo Dan-Soo the successor, he returned to Korea and reunited with his childhood friend Maeng Kong-Hee. Other people that work at J-Fashion include Marketing Team Manager Seo Min-Ki, Design Team Manager Kang Ji-Na and Design Team Assistant Manager Eom Hong-Dan. Written by Asian Wiki

Show more...