Three Wiser Men and a Boy (2024)IMDb Rating (7.0) ဒီဇင်ဘာလခရစ်စမတ်ပွဲတော်ရက်လည်းနီးလာပါပြီ ဘာကျွေးကြမလဲ ဘာတွေလက်ဆောင်ပေးကြမလဲဆိုပြီး ကြိုပျော်တဲ့သူတွေလည်းကြိုပျော်ကုန်ကြပါပြီ ။ဒီအချိန်မှာ ခရစ်စမတ်အကြောင်းအထူးပြုရိုက်ထားတဲ့ ဇာတ်ကားလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။လုခ် ဘရန်နာ( အင်ဒရူးဝေါ့ကာ) တေလာဘရန်နာ( တိုင်လာဟိုင်းစ်)နဲ့စတီဖန်ဘရန်နာ(ပေါလ်ကမ်ဘဲလ်)တို့က ညီအကိုသုံးယောက်ဖြစ်ပါတယ်။လုခ်ကမီးသတ်ဌါနအကြီးအကဲဖြစ်ပြီးသူနဲ့သူ့ဇနီးကယ်ရိုလင်းမှာချစ်စရာကောင်းတဲ့သားလေးသောမတ်စ်ရှိပါတယ်။သောမတ်စ်က ကျောင်းမှာ ခရစ်စမတ်အတွက်ကပြမယ့် ပြဇာတ်ထဲမှာပါနေပါတယ်။စတီဖန်မှာချစ်သူ ဆူဇီ ရှိပြီးစတီဖန်ကစိတ်ဖိစီးမှုလျော့ချနိင်မယ့်နည်းလမ်းတွေအကြောင်းရေးတဲ့စာရေးဆရာဖြစ်ပါတယ်။တေလာကတော့ ဂိမ်းတွေကိုဖန်တီးသူဖြစ်ပြီး သူ့ရဲ့ဂိမ်းကိုအပြတ်လာဝယ်ပေမယ့်မရောင်းလိုက်တဲ့အခါ ငွေကြေးပြတ်လပ်ပြီးနေတဲ့ တိုက်ခန်းကပါထွက်ပေးရတဲ့အခြေအနေဆိုက်နေပါတယ်။သူတို့အမေဘာဘရာ(မာဂရက်ကောလင်း)ကသူတို့ကို သူ့အိမ်မှာညစားဖို့ခေါ်လိုက်ပါတယ်။မထင်မှတ်ထားတဲ့ဟာကသူ့အမေကသူတို့ကို ချစ်သူရွိုင်နဲ့မိတ်ဆက်ပေးလိုက်တာပါ။နေစရာပျောက်နေတဲ့တေလာတိုက်တွန်းတာနဲ့ ညီအကိုသုံးယောက်နဲ့သောမတ်စ်တို့ဘာဘရာ့အိမ်မှာ တစ်ပါတ်နေဖို့အကြောင်းဖန်လာပါတယ်။သောမတ်စ်ဆီကိုကွတ်ကီးမုန့်တွေဝယ်လာပို့တဲ့တေလာကကျောင်းကစန္ဒယားဆရာမလေးနဲ့ရင်းနှီးသွားပါတယ်။မထင်မှတ်ပဲ တေလာနဲ့စတီဖန်ကြောင့်ကျောင်းက ခရစ်စမတ်အထိမ်းအမှတ်ပြဇာတ် အခင်းအကျင်းနဲ့အဝတ်အစားတွေကိုဖျက်ဆီးသလိုဖြစ်သွားပါတယ်။သူတို့ငယ်ကတည်းကြောက်ရတဲ့ကြောက်ရတဲ့ကျောင်းအုပ်ကြီးက သူတို့ညီအကိုသုံးယောက်ကိုပြဇာတ်ကိုအောင်မြင်အောင်ပြန်လုပ်ဖို့ တာဝန်ပေးလိုက်ပါတယ်။ညီအကိုသုံးယောက်ဘာတွေလုပ်ကြမလဲပြဇာတ်ကအောင်မြင်မလား ဘယ်သူတွေကသူတို့ကိုကူညီမလဲ ညီအကိုနှစ်ယောက်ရဲ့အချစ်ရေးနဲ့မိခင်ကြီးရဲ့အချစ်ရေးအဆင်ပြေမလားဆိုတာတော့ဆက်ကြည့်ရှုနိုင်ပါတယ်။အတွေးအခေါ်ပါတဲ့ဒိုင်ယာလော့တွေကလည်း ဆွဲဆောင်မှုရှိပါတယ်။မိသားစုရဲ့ ခရစ်စမတ်ရိုးရာကိုလည်းတွေ့ရမှာဖြစ်သလိုခရစ်စမတ်မှာလုပ်တတ်ကြတဲ့အနောက်နိုင်ငံတွေရဲ့ ရိုးရာလေးတွေကိုပါသိရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်က ၂၀၂၂ ကရိုက်ကူးခဲ့တဲ့ ThreeWise Men and a Boy ဇာတ်ကားရဲ့အဆက်ဖြစ်ပါတယ်။ဒါရိုက်တာက တယ်ရီအင်ဂရမ်ဖြစ်ပါတယ်။Hallmark Channel ကထုတ်လွှင့်တာဖြစ်ပြီးချန်နယ်ပရိသတ်တွေကြိုက်ကြတဲ့မိသားစုဇာတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ khin sakar khin ဖြစ်ပါတယ်။)
This Christmas season, the Brenner brothers are older and seemingly wiser since the viewing audience last saw them, they all having moved out of mother Barbara’s house. With Thomas now in kindergarten, Luke wants to focus more of his energies on him while still maintaining his professional duties in now being fire chief. Stephan has moved on from animals now having written a book on human therapy, with he in a relationship with Susie. And Taylor has developed his latest video game for which he is trying to get investors to get it to market. But those items mask some problems still in their lives as Tay convinces them all to move back into Barbara’s house if only for the week leading up to Christmas, he doing so for ulterior motives. It is good timing for Barbara as she has some important news for them: there is a new man in her romantic life, Roy, a pastor. While this news sits uneasy for all the brothers, it may be so for Luke most specifically in losing the alpha male status in his mother’s life. On top of other things going on in their collective lives, the brothers are forced to take over the K-5 Christmas pageant at Thomas’ school in they being the cause for it otherwise being canceled. With the experienced half of their cast now having dropped out of the production, they have to make it a memorable experience, hopefully to the Christmas spirit, for Thomas and his equally shy classmates who are less comfortable in the spotlight than those students who dropped out. In the process, Tay can’t help but focus his attentions on Caroline, the volunteer musician who is seemingly a more polished version of himself. Written by Huggo
Subscribe
0 Comments
Oldest