The Last Metro: ကမ္ဘာ့ရုပ်ရှင်လောကအပေါ် သက်ရောက်မှုကြီးမားခဲ့တဲ့ ပြင်သစ်နယူးဝေ့ရဲ့ ဖောင်ဒါတွေထဲကတစ်ယောက်ဖြစ်ခဲ့တဲ့François Truffaut ရဲ့ နောက်ဆုံးရုပ်ရှင်တွေထဲက တစ်ကားပါ။
တိတိကျကျဆို သူ့နောက် Truffautရိုက်ခဲ့တာက Confidentially Yours ပဲရှိပါတော့တယ်။ဒါပေမဲ့ ဒီကားကတော့ César Award ၁၂ဆုဆန်ခါတင်ဝင်ခဲ့ပြီး ၁၀ဆုရခဲ့တယ်။ဒီရုပ်ရှင်ဖြစ်တည်လာပုံကလည်း သူ့အဘိုးနဲ့ ဦးလေးက ပြင်သစ်တော်လှန်ရေးတပ်မှာ ပါခဲ့တာကြောင့်
ဂျာမန်တွေ ပြင်သစ်ကို သိမ်းပိုက်ထားတဲ့ကာလကို ရိုက်ပြချင်တာကနေစပါတယ်။၁၉၄၂မှာ ဇာတ်အိမ်တည်ထားတယ်။စစ်တွင်းကာလကို ဇာတ်အိမ်တည် ဇာတ်ရဲ့ဒဏ်တွေကိုခံရတာကို ပြထားပေမဲ့ တိုက်ပွဲတွေကိုတော့ တော်တော်ဝေးဝေးပဲထားထားတယ်။ဒီရုပ်ရှင်တစ်ကားလုံးနီးပါးက ပြဇာတ်ရုံတစ်ခုထဲပဲ ပြီးသွားပြီး စစ်တွင်းကာလမှာ ဂျူးလူမျိုးတွေကြုံခဲ့ရတဲ့ ဒုက္ခတွေကိုလည်း ပြထားတယ်။အဓိကဇာတ်ကောင်၃ယောက်ထဲက တစ်ယေံာက်ဖြစ်တဲ့ ပြဇာတ်ဒါရိုက်တာက ဂျူးလူမျိုးဖြစ်နေတော့စစ်ကာလမှာ ဂျူးလူမျိုးပြဇာတ်ဒါရိုက်တာတစ်ယောက်ဟာ ဒီစစ်ကြီးရဲ့ ဒုက္ခကို အလူးအလဲခံရပုံကို မြင်ရလိမ့်မယ်။စစ်က တော်လှတဲ့ ပြဇာတ်အနုပညာသမားတွေဘဝကို ငရဲလုံးလုံးဖြစ်အောင် လုပ်ပြသွားတာဆိုတော့Farewell My Concubineကိုတောင် ပြေးမြင်ချင်စရာကောင်းတယ်။ဇာတ်ကြောင်းရော ဇာတ်အိမ် အကျယ်အနက်ရောက ဒီလောက်မှာပဲ တည်ထားတယ်။အံ့ဩဖို့ကောင်းတာက Truffautရဲ့ ထူးခြားတဲ့ တင်ဆက်မှုပါပဲ။Truffaut အဓိကရိုက်ချင်ခဲ့တာက အဲဒီခေတ်ကိုပါ။ဒါပေမဲ့ ဇာတ်ဟာ ဆိုခဲ့သလို ပြဇာတ်ရုံတစ်ခုထဲက အကြောင်းအရာတွေချည်းပဲ။ပြောရရင် ပြင်ပအကြောင်းအရာဆိုတာကလည်း ပြဇာတ်လည်ပတ်ဖို့ တိုက်ရိုက်လိုအပ်တဲ့ အကြောင်းအရာတွေသက်သက်ပဲ။အဲဒီပြဇာတ်ရုံကြီးနဲ့မဆိုင်တာ ဘာမှမပါဘူး။ဒီလိုဇာတ်ကို Truffautက သူပြချင်တဲ့ ခေတ်ကိုလည်းပေါ်အောင် တင်ဆက်သမျှကလည်းဒီပြဇာတ်ကနေ ချော်ထွက်မသွားအောင် တင်ဆက်ထားတယ်။ခေတ်တစ်ခေတ်ကိုရိုက်ပြဖို့ ဒါမျိုးဇာတ်ကိုရွေးတယ်ဆိုတာ တော်တော်ယုံကြည်ချက်ရှိတဲ့ ရွေးချယ်မှုလို့ပြောရမယ်။ပြဇာတ်ရုံကိုပဲ တင်ဆက်တယ်ဆိုပေမဲ့ သူကပြဇာတ်ရုံနဲ့ ပတ်သက်တဲ့ ထောင့်တိုင်းကို စေ့အောင်တော့ ပုံဖော်သွားတယ်။ဒီပြဇာတ်ရုံရဲ့ စီမံခွဲခန့်မှု ငွေရေးကြေးရေး, သရုပ်ဆောင်မင်းသားသမီးရှာဖွေပုံ, မင်းသားမင်းသမီးတွေရဲ့အခြေအနေ,ပိုင်ရှင်ရဲ့အခက်အခဲ, ပရိသတ်လက်ခံအောင်ကြိုးစားရပုံ, ဝေဖန်ရေးသမားတွေရဲ့ ရိုက်ခတ်မှုနဲ့ အန္တရာယ်, ပြဇာတ်နဲ့နိုင်ငံရေး အဆက်အနွယ်နောက်ဆုံးပြာတာတစ်ယောက်လုပ်ရတဲ့အလုပ်တွေအထိကို စုံစေ့အောင် ထည့်သွင်းထားတယ်။ဒါပေမဲ့ ဒီအရာတွေအားလုံးကို သူပြချင်တဲ့ ခေတ်ကို ပေါ်လွင်အောင် ပြထားသေးတယ်။ပြဇာတ်ကပြတာနဲ့ ဇာတ်တိုက်တာကိုလည်း အရေးပါတဲ့အခန်းကဏ္ဍတစ်ခုအဖြစ် ထည့်သွင်းထားတယ်။ဇာတ်က ဒီလောက်ပဲဆိုပေမဲ့ ဒီလောက်လောက်ဇာတ်အတွင်းမှာ သူပုံဖော်ထားတဲ့ ဇာတ်ကောင်တွေရဲ့ဆက်ဆံရေးတွေ ဒွိဟတွေ အခြေအနေတွေကလည်း ဒီဇာတ်ကို ထူးထူးခြားခြားဇာတ်ဖြစ်စေခဲ့တယ်။သူ့တင်ဆက်ပုံမှာလည်း ဒီလောက်လောက်ဇာတ်ကိုမှ အများကြီးထူးခြားသွားအောင် လုပ်ခဲ့တဲ့ ဟန်တွေလည်းရှိသေးတယ်။ကြည့်ဖြစ်ရင် သတိထားမိကြမှာပါ။ ကျွန်တော်တော့ ရုပ်ရှင် နာမည်ပေးထားပုံအထိကိုက အထင်ကြီးစရာကောင်းတယ်လို့မြင်တယ်။အဲဒီကာလ ပြင်သစ်မှာ ၁၁နာရီဆို ညမထွက်ရအမိန့်အရ ဘယ်သူမှ အပြင်မှာရှိနေလို့မရတော့ဘူး။ဒီတော့ နောက်ဆုံးရထားတော့ ဘယ်သူမှ လွတ်လို့မရဘူး။ပြဇာတ်သမားတွေဟာ ညဘက်အလုပ်လုပ်ရတဲ့သူတွေဖြစ်သလို ပြဇာတ်ကြည့်ပရိသတ်တွေဟာလည်း ညဘက်နဲ့ဆက်စပ်နေသူတွေပါပဲ။ဒီအခြေအနေဟာ ခေတ်နဲ့လည်း ဆက်စပ်နေတယ်။Truffautဟာ နာမည်အထိကို သူပြချင်တာနဲ့ ဘာမှမဆိုင်သလိုထင်ရပေမဲ့ ပညာသားပါပါနဲ့သူပြချင်တာကို သေချာပြသွားနိုင်တဲ့ အထာကျတဲ့ ဒါရိုက်တာပါပဲ။ ပြင်သစ်နယူးဝေ့ရဲ့ ပဲ့ကိုင်ရှင်သိပ်ပီသတဲ့ ဒါရိုက်တာပါပဲ။
Paris, 1942. Lucas Steiner is a Jew and was compelled to leave the country. His wife Marion, an actress, directs the theater for him. She tries to keep the theater alive with a new play, and hires Bernard Granger for the leading role. But Lucas is actually hiding in the basement… A film about art and life. Written by Yepok
Server HY
Subscribe
0 Comments
Oldest