Prev EP
Next EP
Light Off
Report
42 view
အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Server HY

The boys ကတော့ ၁၉၉၉ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်အမှုကို အခြေခံပြီးရိုက်ကူးထားတဲ့မှုခင်းဇာတ်ကားလေးပဲဖြစ်ပါတယ်။Kill Boksoon ထဲကမင်းသားကြီး Sul Kyung Gu, Doom At your service ထဲက မင်းသား Seo In Guk,
Dr.romantic ထဲက မင်းသမီး Jin Kyung တို့အပြင် တခြားနာမည်ကြီး cast တွေအများကြီးနဲ့ရိုက်ကူးထားတာမို့ ခပ်မိုက်မိုက် သရုပ်ဆောင်ချက်တွေကို ကြည့်ရမယ့် movie လေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းမြို့လေးတစ်မြို့က အူရီ စူပါမားကတ်မှာ ခိုးယူမှုနဲ့ လူသတ်မှု ဖြစ်ပွားခဲ့တယ်။အသက်မပြည့်ကြသေးတဲ့ ကောင်လေးသုံးယောက်ဖြစ်တဲ့ ချန်းဟို, ဆွန်းအူနဲ့ ဗြောင်းဝန်းတို့ကအဲဒီအမှုအတွက် တရားခံအဖြစ် စွပ်စွဲခံလိုက်ရပြီး အမှုစစ်တွေရဲ့ လူမဆန်တဲ့ နှိပ်စက်မှုတွေကြောင့်ကောင်လေးတွေဟာ ဒဏ်မခံနိုင်တော့ဘဲ မကျူးလွန်ထားတဲ့ပြစ်မှုကို ဝန်ခံလိုက်ရတယ်။ဒါပေမဲ့ ဒုရဲအုပ်ဖြစ်တဲ့ ဟွမ်ဂျွန်ချောကတော့ သူတို့ရဲ့ ဝန်ခံချက်ကို သံသယဖြစ်ပြီးအမှုကို ပြန်လည်စစ်ဆေးမှုလုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ ကောင်လေးသုံးယောက်ဟာအပြစ်ဒဏ်ခံယူလိုက်ရတယ်။နှစ်များစွာ ထောင်ထဲမှာ အပြစ်ဒဏ်ခံယူပြီးလို့ ထွက်လာကြတဲ့အချိန်မှာလည်း ကောင်လေးတွေဟာပြစ်မှုမှတ်တမ်းဟောင်းရှိသူတွေအဖြစ် အပြင်လောကမှာပါ ခွဲခြားဆက်ဆံမှုတွေကို ကြုံတွေ့ခဲ့ရသလိုသူတို့ဘက်မှာ ရပ်တည်ပေးခဲ့တဲ့ ဒုရဲအုပ်ဟွမ်ဂျွန်ချောကလည်း ရာထူးချခံလိုက်ရတယ်။မတရားခံလိုက်ရတဲ့သူတို့တွေ တရားမျှတမှုရအောင် ပြန်လည်ကြားနာမှုလုပ်ဖို့ ကြိုးစားကြတဲ့အခါ..ဒီကြိုးစားမှုမှာ ဘယ်သူတွေက ဘယ်လိုကူညီပေးသွားကြမလဲ… တရားခံအစစ်ကရော ဘယ်သူဖြစ်နေမလဲ…တရားခံက ဘယ်လိုလူဖြစ်နေလို့ အမှုစစ်တွေကပါ ပေါင်းကြံခဲ့ကြတာလဲဆိုတာကိုတော့ဒီ The Boys movie လေးထဲမှာပဲ ရင်တဖိုဖိုနဲ့ ကြည့်လိုက်ကြပါဦးနော်။ (ဇာတ်လမ်းအကျဉ်းကို Vanessa မှ ရေးသားပေးထားပါတယ်။)
In 1999, a robber breaks into a supermarket in small town, killing an elderly woman and running away. The police identify three mentally challenged boys as the culprits and quickly close the investigation. Soon after, Hwang Juncheol (Seol Kyunggu), who is newly appointed as the chief of the squad, is convinced that Choi Woosung (Yu Junsang), a high-ranking police officer, and his team manipulated the case for a quick result. Hwang attempts to re-investigate the case with his unique persistent and robust investigation ability in an effort to exonerate the three boys. The movie unfolds a small hero narrative that warms the hearts of the weak while enhancing the genre’s fun by moving back and forth between the past and the present. Based on a true story, The Boys is the latest feature by Chung Jiyoung, a director known for creating compelling films that blend fact and fiction. Star-studded casts stand out, including Seol Kyunggu, Yu Junsang, Jin Kyung, Heo Sungtae, and Yeom Hyeran. (JUNG Hanseok) Written by Jung, Hanseok

Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments