Prev EP
Next EP
Light Off
Report
38 view
Server HY

Suze: The American Society of Magical Negroes, Tiny Beautiful Things, You Hurt My Feelings, Robot Chicken, Family Guyတို့လို လူကြိုက်များတဲ့ ရုပ်ရှင်စီးရီးတွေမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ ဝါရင့်သရုပ်ဆောင် Michaela Watkinsနဲ့ Julie and the Phantoms,Speed Kills, Runt, Love You Anyway, The Rest of Usတို့ရဲ သရုပ်ဆောင်ဖြစ်တဲ့ Charlie Gillespieတို့ ၂ယောက်သား chemistry မိမိ သရုပ်ဆောင်ထားတာကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။ IMDb 6.7 ရရှိထားပြီး Audience Score ကလည်း 91%ထိ ရရှိထားပါတယ်။ ဆုလည်း ၂ခု ဆုခူးထားအပြင် nominations ၂ခုလည်း ဝင်တဲ့အထိ အောင်မြင်ခဲ့တဲ့ comedy အမျိုးစား ရုပ်ရှင်လေးဖြစ်ပါတယ်။ဆူဆန်ဆိုတဲ့ အမျိုးသမီးကတော့ ခင်ပွန်းဖောက်ပြန်သွားပြီးနောက်မှာ ဘရွတ်လာဆန်လို့ခေါ်တဲ့ သမီးလေးကို ကိုယ်တိုင်စောင့်ရှောက်ပျိုးထောင်လာခဲ့တာဖြစ်ပါတယ်။ ဆူဆန်ရဲ့ဘဝကြီးထဲမှာ သမီးလေး ဘရွတ် တစ်ယောက်တည်းကိုပဲ ဦးစားပေးလာခဲ့တာပါ။ ဂေ့ခ်ျကတော့ ဘရွတ်ရဲ့ရည်းစားပါ။
ဒီလိုနဲ့ ဘရွတ်က အထက်တန်းအောင်ပြီး သူရဲ့ အမေရော ဂေ့ခ်ျရောကိုပါ ထားခဲ့ပြီး တက္ကသိုလ်တက်ဖို့ဖြစ်လာပါတော့တယ်။ ဂေ့ခ်ျကတော့ အထက်တန်းကို ကျကျန်ခဲ့ပါတယ်။ ဘရွတ် တစ်ယောက် တက္ကသိုလ် သွားတက်တော့ ဂေ့ခ်ျ တစ်ယောက်ကို ဖြတ်ပါတော့တယ်။ ဒီလိုနဲ့ စော်ပစ်ခံလိုက်ရတဲ့ ဂေ့ခ်ျ တစ်ယောက်က သတ်သေမယ် ဘာညာတွေဖြစ်လာလို့ ဆူဆန်က ဂေ့ခ်ျအဖေ မရှိခိုက်မှာ စောင့်ရှောက်ဖို့ဖြစ်လာပါတော့တယ်။ ဆူဆန်နဲ့ ဂေ့ခ်ျတို့ ၂ယောက် ထားခံခဲ့ရတဲ့ခံစားချက်ကို ဘယ်လိုရင်ဆိုင်ကြမလဲ၊ ဘယ်လိုပြဿနာတွေတက်မလဲ၊ ထားခံခဲ့ရတဲ့ ၂ယောက်သား ဘယ်လိုဖေးမကြမလဲ၊ ၂ယောက်သား ဘယ်လိုတွေ ပြဿနာတက်ပြီး ဘယ်လိုတွေ အတူတူဖြေရှင်းကြမလဲဆိုတာကို ဟာသလေးတွေနဲ့ နှောပြီးကြည့်ရှု့ရမှာဖြစ်ပါတယ်။ဒီရုပ်ရှင်ကို ထားခံခဲ့ရတဲ့လူတွေ၊ ကိုယ့်ကိုယ်ကို တန်ဖိုးမရှိဘူးလို့ ခံစားနေရတဲ့လူတွေ၊ အထီးကျန်နေတဲ့ လူတွေ ကြည့်မယ်ဆိုရင် အရမ်းကိုက်ညီတဲ့ ရုပ်ရှင်ဖြစ်မှာပါ။ ဆွေးမြေ့ရမယ့် ဇာတ်လမ်းမျိုး မဟုတ်တော့ အားတက်ချင်တဲ့လူတွေ ကြည့်ရှု့ဖို့ပိုပြီးသင့်တော်ပါတယ်။ ဒီလိုမှ မဟုတ်လည်း ဒီအတိုင်း အပျော်ကြည့်မယ်ဆိုရင်လည်း ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းပြီး ကြည့်ပျော်တဲ့ရုပ်ရှင်လေးပါလို့ ပြောချင်ပါတယ်ခင်ဗျာ။

Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments