Street Trash: ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့
Dark comedy နှစ်သက်သူတွေ သဘောကျစေမဲ့Street Trash ဆိုတဲ့ဇာတ်ကားလေးပါ။Cape Town မြို့ဟာ မြို့တော်ဝန် မော့စတက် စတင်အုပ်ချုပ်
ချိန်ကနေစလို့ အရာရာ ပြောင်းလဲလာခဲ့ပါတယ်။အစိုးရကနေ စီးပွားရေးလုပ်ငန်းတွေအကုန်လုံးကိုလက်ဝါးကြီးအုပ်ပြီး အာဏာနဲ့ ပိတ်သိမ်းပစ်လိုက်လို့အလုပ်လက်မဲ့လူဦးရေတွေနဲ့ အိမ်ခြေရာမဲ့ဦးရေတွေတစ်ဟုန်ထိုး မြင့်တက်လာခဲ့ပါတယ်။ အဲလိုတွေကြောင့်လူလတ်တန်းစားဆိုတာမရှိတော့ဘဲ အစိုးရနဲ့ ပတ်သတ်ဆက်စပ်တဲ့ ခရိုနီလူတန်းစားရယ် အောက်ခြေကအိမ်ခြေရာမဲ့လူတန်းစားရယ်လို့ပဲရှိတော့ပြီး မြို့ကြီးလည်းပျက်စီးသွားခဲ့ရပါတယ်။အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ရော်နယ်တို့အုပ်စုကတော့စားရသောက်ရဖို့ ရုန်းကန်နေကြရတဲ့ လမ်းဘေးက အိမ်ခြေရာမဲ့တွေဖြစ်ပါ။ ဒီလိုနဲ့ မြို့တော်ဝန်မော့စတက်ဟာ မြို့ကိုအကျည်းတန်စေတဲ့ အိမ်ခြေရာမဲ့တွေကို သုတ်သင်ရှင်းလင်းဖို့ဓာတုလက်နက်တစ်မျိုးကိုတီထွင်ခိုင်းခဲ့ပါတယ်။အဲဒီ ဓာတုလက်နက် ကို Viper -283လို့ခေါ်ပြီး ရှူမိသူဟာချက်ချင်း ခန္ဓာကိုယ်တွေပျက်စီး အရည်ပျော်ကျသွားမှာမျိုးပါ။ဒီဓာတ်ငွေ့ကိုအသုံးချပြီး အိမ်ခြေရာမဲ့တွေကို သုတ်သင်ရှင်းလင်းမှာကို ရော်နယ်တို့တွေ အမှတ်မထင်သိသွားကြပြီးမြို့တော်ဝန်ကို တားဆီးဖို့ကြိုးစားကြပါတော့တယ်။Body Horror ဇာတ်ကားဖြစ်တဲ့အလျှောက် မနှစ်မြို့စရာပြကွက်တွေကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားပြီးပြောကြတဲ့ ဒိုင်ယာလော့တွေကလည်း ညစ်တီးညစ်ပတ်အဆဲပေါင်းတစ်သိန်းပါနေတာမလို့ မိသားစုဝင်တွေနဲ့အတူကြည့်ဖို့မသင့်တော်ပါဘူး။ဇာတ်ကားက လုံးဝကိုပေါ့ပေါ့ပါးပါးနဲ့ တောက်လျှောက်ရယ်နေရတာမလို့ Dark Comedy ကြိုက်နှစ်သက်သူတွေသဘောကျမဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုလိုက်ချင်ပါတယ်။
In the year 2050, global economic turmoil has destroyed the middle class in Cape Town, South Africa, which is now divided between the ultra-rich and the displaced. Ronald and a group of fellow houseless friends uncover a plot by the local government to ‘wash away’ the houseless population with a sinister chemical agent called ‘V.’ Now, they must risk everything to expose the truth and resist a society that’s determined to erase them.
Server HY
Subscribe
0 Comments
Oldest