Sianviathan : စွေ့မင်းဆက်ခေတ် မော့နှစ်မှာ စစ်ပွဲတွေအဆက်မပြတ်ဖြစ်ပြီးလောကကြီးတစ်ခုလုံး ရှုပ်ထွေးပြီး ပရမ်းပတာဖြစ်ကုန်ကြပါတယ် ။အဲဒီအချိန်မှာပဲ ကောလဟာလတစ်ခုကပြည်သူတွေကြားထဲမှာဟိုးလေးတကြော်ကြော်ဖြစ်ခဲ့ပါတယ် ။ အဲဒီကောလဟာကတော့မြောက်ပိုင်းမဟာတံတိုင်းကြီးရဲ့ အောက်ခြေမှာနတ်သစ်ပင်တစ်ပင်နဲ့နတ်ဓားတစ်လက်ပေါ်လာတယ်ဆိုတာပဲဖြစ်ပါတယ် ။လူတွေကိုပိုပြီး လှုပ်လှုပ်ရှားရှားဖြစ်လာစေတာက အဲဒီနတ်ဓားကိုပိုင်ဆိုင်ခွင့်ရတဲ့ဘယ်သူမဆို မိမိရဲ့အလိုဆန္ဒတွေပြည့်သွားတတ်တယ်ဆိုတဲ့သတင်းကြောင့်ပါပဲ ။
အဲဒီသတင်းပြန့်သွားပြီးနောက်ပိုင်းမှာ အနယ်နယ်အရပ်ရပ်ကအဆင့်မြင့်သိုင်းသမားတွေက အဲဒီဓားကိုလုဖို့လာကြပါတော့တယ် ။အဲဒီသိုင်းသမားတွေထဲ ဘယ်သူကနတ်ဓားကိုပိုင်ဆိုင်သွားမလဲ ?နတ်ဓားနဲ့နတ်သစ်ပင်ရဲ့ဇစ်မြစ်ကရော ထင်ထားသလိုမျိုး ရိုးရှင်းမှုရှိပါ့မလား ။
နတ်သစ်ပင်ကိုစောင့်ရှောက်တဲ့နတ်သားရဲကြီးကရောနတ်ဓားကိုလွယ်လင့်တကူ ယူခွင့်ပေးပါ့မလားဆိုတာကိုစိတ်ဝင်တစားနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်
Server HY
Subscribe
0 Comments
Oldest