MELBET
အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev EP
Next EP
Light Off
Report
14 view

မကြာသေးခင်တုန်းက Mononoke ကို Movie အဖြစ်ထွက်ရှိလာလို့ တင်ဆက်ပေးခဲ့ပါသေးတယ်။

အဲဒါကြောင့် ပရိတ်သတ်တွေကို ဒီ ၂၀၀၇ ခုနှစ်တုန်းက စထွက်ခဲ့တဲ့ စီးရီးလေးကိုလည်း ပြန်ပြီး ခံစားနိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။
Mononokoe အကြောင်း စပြောရမယ်ဆိုရင် သူ့ရဲ့ အံ့သြဖွယ်ရာ Art Style တွေပဲ ဖြစ်ပါတယ်။

ပုံမှန် Anime နဲ့ မတူပဲ အရောင်တွေစုံလင်ပြီး ကြည့်နေရတာ လှုပ်ရှားနေတဲ့ ရေဆေးပန်းချီကားချပ်တွေလိုပါပဲ။

မကြည့်တတ်တဲ့လူတွေအတွက်တော့ နည်းနည်းခေါင်းမူးစရာ ဖြစ်နေမလားတော့ မသိပါဘူး။

ကဲ Mononoke ရဲ့ အကြောင်းပြောရမယ်ဆို သူက Supernatural စီးရီးက ညီအစ်ကိုနှစ်ကောင်လို

ဆရာမ ဒဂုန်ခင်ခင်လေးရဲ့ မှော်ဆရာမှတ်တမ်းထဲက အထက်လမ်းအပနှင်ဆရာတွေလိုပဲ

ဒီထဲက ဘဲကြီးကလည်း ဆေးကုန်သည်အဖြစ် ရွာရိုးကိုးပေါက် လျှောက်သွားပြီးပရလောက ဖြစ်ရပ်ဆန်းကြယ်တွေကို လိုက်လံဖြေရှင်းပေးတဲ့လူပါ။

သူ့ဆီမှာ ထူးဆန်းတဲ့ ဓားတစ်ချောင်း ရှိနေပြီး အဲဒီ ပရလောကသားတွေကို နှိမ်နှင်းဖို့

“သွင်ပြင်သဏ္ဍာန်” “အမှန်တရား” “အကြောင်းရင်း” ဒီ အချက် ၃ ချက်နဲ့ ပြည့်စုံမှ ဓားကို ကိုင်စွဲပြီး သုတ်သင်ဖြေရှင်းပေးတာပါ။

ဒီ စီးရီးထဲမှာဆိုလည်း ၁၂ ပိုင်းတိတိ ပါဝင်ပြီး ဇာတ်လမ်းတိုလေးတွေအနေနဲ့ “ကလေးသရဲ” “ပင်လယ်သရဲ” “လူသတ်မှုမှ သရဲ” “ကြင်ရာရှာပွဲမှ သရဲ” “ကြောင်သရဲ” ဆိုပြီး

အစားစား ပါဝင်ထားတာဖြစ်လို့ ခံစားကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေ…။
Mononoke follows a wandering, nameless character known only as the “Medicine Seller”. The series is composed out of 5 story arcs, each featuring the medicine seller as he tries to solve the mystery behind the existence of various Mononoke, evil spirits that still linger in the human world. He combats them using his vast knowledge of the supernatural, but a Mononoke can only be slain after he uncovers its form (Katachi), the truth behind its appearance (Makoto) and the reason for its unusual behavior (Kotowari). Written by Anonymous

Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments