Longling Insect Valley: “လုံလင်ပိုးမွှားတောင်ကြား” ဆိုတာဘယ်လိုနေရာမျိုးလဲ။ အဆိပ်ရှိမြွေကြီးတွေ၊
ဧရာမကင်းမြီးကောက်တွေ၊ ပင့်ကူတွေနဲ့ တခြားသောထူးဆန်းတဲ့
သတ္တဝါတွေကျက်စားနေထိုင်ရာနေရာပေါ့။နှစ်ပေါင်းများစွာအိပ်ပျော်နေတဲ့ရှေးဟောင်းသားရဲတွေလည်းရှိတယ်လို့ဆိုကြတယ်။
ဝင်သွားပြီးရင်ပြန်လမ်းမရှိတဲ့ သေမင်းတံခါးဝဖြစ်ပြီး၊
ဘဝအသစ်စရာလို့လည်းဆိုကြပါတယ်။
ဘာလို့ ဘဝအသစ်စရာလို့ပြောတာလဲ?
လုံလင်ပိုးမွှားတောင်ကြားမှာသေဆုံးသွားပြီးရင်
ပြန်လည်မွေးဖွားနိုင်တဲ့အစွမ်းရှိတဲ့သတ္တဝါတစ်မျိုးရှိတယ်တဲ့။
ဒါကိုမျက်မြင်တွေ့ဖူးတဲ့ဇီဝဗေဒပါမောက္ခတစ်ယောက်က
အရူးလို့သတ်မှတ်ခံရပြီး၊ အလုပ်ကပါထွက်ခဲ့ရတယ်။
သူဟာအဲ့ဒီသတ္တဝါတကယ်ရှိကြောင်းသက်သေပြချင်နေခဲ့တယ်။
ပိုးမွှားတောင်ကြားသုတေသနမှာပျောက်ဆုံးသွားတဲ့
ပါမောက္ခတစ်ဦးရဲ့သားဖြစ်သူဟာလည်း
အဲ့ဒီလျို့ဝှက်ဆန်းကြယ်တဲ့တောင်ကြားအကြောင်းကို တိတ််တိတ်လေးစုံစမ်းနေခဲ့တယ်။သူတို့၂ယောက်နဲ့ ကုလို့မရတဲ့ရောဂါခံစားနေရတဲ့
လူချမ်းသာအဘိုးကြီးတို့တွေ့ကြတဲ့အခါ လုံလင်ပိုးမွှားတောင်ကြားကိုခရီးဆက်မယ့်
စွန့်စားခန်းစတင်ပါတော့တယ်။ မတူညီတဲ့ပန်းတိုင်ကိုယ်စီရှိကြတဲ့
မတူညီတဲ့လူတွေ အတူတကွခရီးဆက်ကြတဲ့အခါ….ဆန်းကြယ်တဲ့ ပဟေဠိတွေကိုအဖြေညှိကြရင်း
ရှေးဟောင်းသတ္တဝါတွေနဲ့တိုက်ပွဲမှာဘယ်သူကအနိုင်ရလေမလဲ။
မသေမျိုးဖြစ်စေနိုင်တဲ့ သတ္တဝါကရော တကယ်ရှိလား။
ဘယ်သူတွေရဲ့ရည်ရွယ်ချက်ကအောင်မြင်ပြီး ဘယ်သူတွေက ကျဆုံးလေမလဲ။
A mad biology professor, a terminally ill rich man, an adventurer looking for a missing relative, a desperado who only sees money. A group of people with different goals formed an expedition to go to the depths of the insect valley in the southwest of the country to find the ancients that have been sleeping for thousands of years, along with the legend of the insect king. In the face of surging poisonous snakes and scorpions, sophisticated hallucinogens, huge and ferocious ancient insect kings…the expedition team experienced many thrills in the ancient tombs, and launched a life-and-death confrontation with the lost mysterious civilization of the ancient Dian Kingdom. The Dao Dao puzzle set by the ancient Dian King, made the explorers fight back and forth between human nature and desire, and the desperate battle in the secret realm of Insect Valley.
Server HY
DL links, please.