Life or Something Like It: ကြည့်သူတိုင်းကြိုက်ကြတဲ့ ရုပ်ရှင်ဇတ်ကားကောင်းတစ်ခုဆီးယက်တဲလ်ရုပ်သံလွှင့်ဌါနက သတင်းထောက်နဲ့ သတင်းကြေညာသူ လေးနီကာရီဂန်( အိန်ဂျယ်လီနာဂျိုးလီ)ရဲ့ ဘဝဟာ သူ့ကိုယ်သူရှေ့ဖြစ်ဟောဆရာလို့ အမည်တပ်ထားတဲ့ အိမ်ယာမဲ့ ဂျက်ခ်(တိုနီရှားလုဘ်)နဲ့တွေ့ပြီးဂျက်ခ်ကသူ(မ)လိုချင်တဲ့“ယူအက်စ်အေနက်ထ်ဝေါ့ခ်”ရုပ်သံလွှင့်ချန်နယ်ကြီးကအလုပ်ကိုလည်းမရဘူးပြီးတော့သူ(မ)တစ်ပါတ်ပဲအသက်ရှင်တော့မယ်လို့ဟောလိုက်တဲ့အခါအလုပ်အကိုင်ငွေကြေးရုပ်ရည်အချစ်ရေးဘဝကအစပြီးပြည့်စုံတယ်ထင်ရတဲ့သူ့ဘဝကိုပြန်သုံးသပ်ရမယ့်အခြေအနေကိုရောက်လာပါတယ်။ “
ဂျက်ခ်ရဲ့ ရှေ့ဖြစ်ဟောပြောချက်တွေကိုမယုံပေမယ့်အခြားအတိအကျမှန်လာတဲ့အချက်တွေရှိလာခဲ့ပြီးနောက်တစ်ပါတ်ထိပဲအသက်ရှင်ရတော့မယ်လို့ ယုံလာတဲ့အခါ လေးနီတစ်ယောက်ရင်ဖွင့်ဖို့အနီးကပ်ဆုံးလူတွေကိုစကားစကြည့်တဲ့အခါသူတို့တစ်တွေရဲ့တုံ့ပြန်မှုတွေက ဘာတွေဖြစ်မလဲ။ဂျက်ခ်ရဲ့ဟောပြောချက်မှန်လာမလား။ဒီရက်သတ္တပါတ်အတွင်း လေးနီဘာအလှည့်အပြောင်းတွေကြုံရမလဲ။လူအများစုဟာ သေခြင်းတရားကိုမေ့လျော့နေကြပြီး ရှင်သန်နေထိုင်စဥ်ကာလမှာလည်း ဘယ်လိုနေထိုင်စိတ်ထားမယ်ဆိုတာကို သတိလက်လွတ်နေတတ်ကြပါတယ် ။ဒီရုပ်ရှင်ကရှင်သန်နေထိုင်ခြင်းနဲ့သေခြင်းတရားအတွက်အတွေးအခေါ်အယူအဆတွေကိုပြောပြမှာဖြစ်တယ်။တန်ဖိုးထားရမယ့်အရာတွေကိုလည်း ပြောပြပေးသွားမှာဖြစ်တယ်။အကြိုက်ဆုံးစကားလေးတွေက“တကယ်လို့ တစ်ပါတ်အတွင်းငါသေတော့မယ်ဆိုရင်-ငါကအချိန်အခိုက်တန့်တိုင်းကိုကြိုးစားပြီးနေထိုင်မှာ။လူတွေကိုသွားတွေ့မယ်ငါ့အတွက် အဓိပ္ပါယ်အရှိဆုံးသူတွေပြီးတော့ သူတို့မျက်နှာတွေကို ကြိုးစားပြီးအမှတ်တရဖြစ်အောင်လုပ်မယ်”ဇတ်လမ်းနဲ့လိုက်ဖက်တဲ့သီချင်းလေးတွေကိုထည့်သွင်းထားပြီး တစ်ချို့ဇတ်ဝင်ခန်းတွေက သင့်မျက်ရည်ကိုချူမယ့်ဇတ်ဝင်ခန်းတွေဖြစ်တယ်။
ဒါရိုက်တာက စတီဗင်ဟားရက်ခ်(Steven Herek)ကရိုက်ကူးထားပါတယ်။Edward Burns ( အက်ဒ်ဝါ့ဒ် ဘန်းစ်)က ပီးထ်အဖြစ် သရုပ်ဆောင်ထားပြီးအခြားသရုပ်ဆောင်များလည်းပါဝင်အားဖြည့်ထားပါတယ်။
Reporter Lanie Kerrigan interviews psychic homeless man Prophet Jack (Tony Shalhoub) for a fluff piece about a football game’s score. Instead, he tells her that her life has no meaning and will end in just a few days. This sparks her to action to change the pattern of her life. Written by Greg Dean Schmitz
Server HY
Subscribe
0 Comments
Oldest