A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Autoplay next episode: On
Light Off
Report
68 view
Server Option:Server HY
Server HY

Erotic Literature တွေကိုအခြေပြုအောင်မြင်ခဲ့တဲ့ ရုပ်ရှင် တွေနဲ့ပတ်သက်ရင်အများကြီးပြေးမြင်စရာရှိသလိုချန်ထားလို့မရခဲ့တဲ့အထဲမှာ Lady Chatterley’s Lover (1981), Lolita (1997) တို့ဟာအထင်ကရဖြစ်ပါတယ်။ အခုမိတ်ဆက်ပေးချင်တာကတော့ Lady Chatterley’s Lover (1981) လို အဲ့ဒီခေတ်ကာလနာမည်ကျော်ဝတ္ထုကိုအခြေခံခဲ့တဲ့အောင်မြင်ခဲ့တဲ့ ပြင်သစ်ရဲ့ Emmanuelle Franchise ကြီးနဲ့ပါပဲ။၁၉၆၇ မှာထွက်ရှိခဲ့တဲ့ Emmanuelle Arsanရဲ့ Erotic novel တစ်အုပ်ဖြစ်တဲ့(Emmanuelle: The Joys of a Woman) ကိုအခြေခံရိုက်ကူးခဲ့တဲ့ Emmanuelle ပထမရုပ်ရှင်ဟာမင်းသမီး Sylvia Kristel ကိုဇာတ်ကောင်နဲ့တစ်သားတည်းကျသွားစေတဲ့အထိ သြဇာကြီးခဲ့ပြီး အခုချိန်ထိပြင်သစ်ရဲ့အအောင်မြင်ဆုံးရုပ်ရှင်တွေစာရင်းမှာလည်းပါဝင်နေတုန်းပဲဖြစ်ပါတယ်။နောက်ပိုင်း နောက်ဆက်တွဲရုပ်ရှင်တွေရိုက်ခဲ့သလို အီတလီ၊ဂျပန်၊အမေရိကန်၊ဟောင်ကောင်တို့ကပါ ဒီဇာတ်ကောင်ကိုယူပြီး ဇာတ်လမ်းတွေအမျိုးမျိုးရိုက်ခဲ့တဲ့အထိပေါက်ရောက်ခဲ့ပါတယ်။အဲ့ဒါတွေထဲက အီတာလျံမူဖြစ်တဲ့ “Black Emanuelle” ဇာတ်ကားတွဲတွေဟာ
ထင်ရှားပါသေးတယ်။ ဒီကားတွေထဲကမှဇာတ်လမ်းကောင်း ရုပ်ရှင်ကွာလတီကောင်းကောင်းရှိတဲ့ကားတွေပဲရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
အခု ပထမဆုံးဒီ franchise ကြီးရဲ့မြစ်ဖျားခံရာ ပထမဆုံးကားမှာတော့ အီမန်နျူရယ်ကိုပြင်သစ်သံအမတ်တစ်ယောက်ရဲ့ပျင်းရိနေတဲ့အိမ်ရှင်မတစ်ယောက်အဖြစ်တွေ့မြင်ရမှာပါ။ သူ့ခင်ပွန်းသည်တာဝန်ကျရာထိုင်းနိုင်ငံကိုလိုက်သွားခဲ့တဲ့ အီမန်နျူရယ်လေယာဉ်ပေါ်မှာတွေ့တဲ့ သူစိမ်းနှစ်ယောက်နဲ့အချစ်စွန့်စားခန်းဖွင့်ခဲ့ပုံ၊ ခင်ပွန်းသည်တာဝန်ကျနေရာမှာကြုံတွေ့ရတဲ့ မိန်းမလှလေးတွေနဲ့လိင်တူချင်းအချစ်ကိုရှာဖွေစူးစမ်းကြတာတွေ၊ သူ့ခင်ပွန်းသည်ကိုယ်တိုင်ရဲ့အားပေးတိုက်တွန်းမှုနဲ့ ဒီကိစ္စမှာ မိန်းမငယ်လေးလိုဖြစ်နေရာကနေ ရင့်ကျက်ပြီးမိန်းမတစ်ယောက်အဖြစ် အတွေ့အကြုံရင့်သန်လာအောင်သင်ယူလေ့ကျင့်ပုံတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။အဲ့ဒီခေတ်ကာလမင်းသမီးတွေရဲ့အလှအပကိုအဖုံးအကွယ်မရှိ ပကတိအတိုင်းတွေ့မြင်ရမှာဖြစ်တဲ့အတွက် X-rating ရဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ Lady Chatterley’s Lover (1981) ရဲ့ဒါရိုက်တာ Just Jaeckin ကတာဝန်ယူပေးထားတာပါ။စိတ်မကောင်းစရာတစ်ခုက ဒီဇာတ်ကားကို Léa Seydoux နဲ့ပြန်အသက်သွင်းဖို့ကြံရွယ်ထားခဲ့ပေမယ့် မင်းသမီးနူတ်ထွက်သွားခဲ့တဲ့အတွက်အခုတော့သူ့နေရာကို Noémie Merlant အဖြစ်ပြောင်းလဲလျာထားတယ်လို့သိရပါတယ်။ ဇာတ်ကားအသစ်ထွက်မလာခင် မူရင်းဂန္ဓဝင်ဇာတ်ကားကြီးကိုလေ့လာကြည့်ကြပါဦး။

Emmanuelle is a beautiful young model and lives in Bangkok together with her husband Jean, who’s several years older. She likes him because he’s taught her much, and he likes her because she’s learning so well – and wants to often. Both are very tolerant in matters of extramarital affairs, so he doesn’t mind the young Marie-Ange coming over every so often, although she obviously wants more than talk from his wife. But Emmanuelle is more fascinated by the older Bee, and joins her on a trip into the jungle. Written by Tom Zoerner

Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments