Prev EP
Next EP
Light Off
Report
139 view
အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Server HY

Blue Lock: IMDB – 8.2/10, MyAnimeList – 8.2/10

“ဘောလုံး Anime ဆိုပေမဲ့ ဘောလုံး Anime မဟုတ်ပြန်တဲ့ စီးရီး” ကြားရတာ နားရှုပ်သွားသလား ဒီလိုပါ။
ဘောလုံး ဦးစားပေးဆိုပေမဲ့ MC က အစပိုင်း အရည်အချင်းမရှိ အတင်းတွေကြိုးစား

အားကစားပြိုင်ပွဲတွေမှာ စိတ်လှုပ်ရှားစရာ တက်ညီလက်ညီအနိုင်ယူ ဖလားရ အဆုံးသတ်၊ ဒီလိုဇာတ်လမ်း မဟုတ်ဘူး။

သိတဲ့အတိုင်း Japan Anime ပါ၊ ဇာတ်လမ်းက ဘောလုံးအကြောင်းဆိုပေမဲ့ သူများထက်တော့ ထူးခြားနေရမယ်မဟုတ်လား။

ဘာလို့လဲဆိုတော့ ဇာတ်လမ်းအကျဉ်းက Blue Lock ဆိုတဲ့ အဖွဲ့အစည်းတစ်ခုက

သူတို့ ဂျပန်နိုင်ငံအသင်း ကမ္ဘာ့ဖလားကို အနိုင်ယူဖို့ဆိုရင် ဒီလိုမျိုး အစီအစဉ် စီမံကိန်းတွေ လုပ်ဆောင်ရမယ်တဲ့။

လူကြီးတွေကို ပြကြည့်တော့ သောက်တလွဲပေါ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်းတို့ ရူးနေတာလားပေါ့။

ဦးဆောင်နေတဲ့လူကလည်း ရူးကြောင်ကြောင်နဲ့ Ego ဆိုတဲ့လူ။

စီမံကိန်းက ဘာလဲဆိုတော့ ဂျပန်နိုင်ငံက အသီးသီး ထူးချွန်နေကြတဲ့ လူငယ်တိုက်စစ်မှူးတွေချည်း အယောက် ၃၀၀ ခေါ်ပြီး

ကမ္ဘာ့အတော်ဆုံး တိုက်စစ်မှူးဖြစ်အောင် စခန်းသွင်းမှာ ဒါပေမဲ့ သူက လူတွေကို တဖြည်းဖြည်း ဖြုတ်ချသွားပြီး

ဖြုတ်ချခံရတဲ့လူတွေကလည်း နောင်အနာဂတ် ဂျပန်အမျိုးသားဘောလုံးအသင်းနဲ့ မပတ်သက်ရတော့ဘူး။

ဒီလိုမျိုးဆိုတော့ အကုန်လုံး အတ္တဆန်ဆန်ပဲ ရှင်သန်နိုင်ဖို့အတွက် အများအကျိုးတွေ အသင်းအဖွဲ့စိတ်ဓာတ်တွေ မရှိပဲ ရုန်းကန်ကြရမယ့် နေရာမျိုး။

အဲဒါ Isagi ဆိုတဲ့ အဆင့်ဘိတ်ချေးနား ကပ်နေတဲ့ကောင်လေးတစ်ယောက် ဒီ Blue Lock စခန်းကြီးထဲမှာ ဘယ်လို ရုန်းကန်လှုပ်ရှားမလဲ…။

Sport Anime သာပြောတယ် ပွဲကန်တဲ့အချိန်တွေဆို Battle Royale စတိုင်

ကိုယ်စီအစွမ်းတွေ ထုတ်ပြီး တိုက်ခိုက်ရေး Scene တွေ ကြည့်နေရသလားပဲ။

အကုန်လုံးကလည်း တိုက်စစ်မှူးတွေချည်းဆိုတော့ ၁၁ ယောက် ဘယ်လိုကစားကြမလဲ

တစ်ယောက်စီက ဘယ်လိုတွေ ထူးချွန်ပြီး ဘယ်လိုတွေ အသုံးချမှာလဲ

မင်းသားပါဝါက ဘာတွေလဲဆိုပြီး ဇာတ်လမ်းက တောက်လျှောက် ခေါ်သွားတဲ့ Anime။

အထူးခြားဆုံးက မျက်လုံးတွေကို ဆွဲထားတဲ့လက်ရာတွေပေါ့။ နောက်ပြီး

Manga စထွက်တုန်းက အောင်မြင်တယ် မအောင်မြင်တယ် ၂၀၂၂ ကမ္ဘာ့ဖလားတုန်းက ဂျပန်အမျိုးသားအသင်းအကျီတောင်

Adidas နဲ့ ပူးပေါင်းပြီး Blue Lock ဆီက Inspiration ယူခဲ့ကြတာ။

ပြောနေတာ ကြာပါတယ် အခုဆို S2 လည်း ထွက်နေပြီဆိုတော့

အကုန်တောက်လျှောက်မနားတမ်း ကြည့်ရဖို့သာ ပြင်ထားကြပေတော့ဗျာ။

Japan keeps losing the World Cup, over and over. After Isagi Yoichi, a forward for a high school team, gets eliminated in the last game in the qualifier for nationals, gets invited to a program called “Blue Lock” Their coach will be Ego Jinpachi, who intends to “destroy Japanese loser football” by introducing a radical new training regimen: isolate 300 young forwards in a prison-like institution called “Blue Lock” and put them through rigorous training aimed at creating “the world’s greatest egotist striker.”

Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments