Prev EP
Next EP
Light Off
Report
5 view
အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Server HY

Between the Temples: ဂျူးရိုးရာတွေ ယဉ်ကျေးမှုတွေကိုဖောဖောသီသီတွေ့ရမဲ့
ဒရာမာဇာတ်ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဂျူးဆိုတဲ့ ဘာသာတရားကတော့လူတိုင်းနဲ့ သိပ်ရင်းနှီးမှာမဟုတ်တဲ့အတွက် ဂျူးဘာသာတရားနဲ့ပတ်သတ်ပြီး လေ့လာ
စရာလေးတွေလည်းအများကြီးတွေ့ရမဲ့အပြင် ထူးခြားဆန်းကြယ်လှတဲ့ဒရာမာဇာတ်လမ်းလေးတစ်ခုကိုပါတွေ့ရမှာဖြစ်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Between The Temples ဖြစ်ပြီးIMDb Rating 6.3 အထိရရှိထားပါတယ်။ဘန်ဆိုတဲ့လူတစ်ယောက်က ဂျူးဘုရားကျောင်းတစ်ခုမှာ ဓမ္မတေးသီချင်းတွေကို ဦးဆောင်သီဆိုရတဲ့ ဆရာတစ်ယောက်ဖြစ်ပါတယ်။သူကလက်ရှိမှာအမေနဲ့အဖွားနဲ့အတူတူနေထိုင်နေတာဖြစ်ပြီးနှစ်ယောက်လုံးကိုတော့ သူ့အမေ ၂ ယောက်လို့ပဲသတ်မှတ်ထားပါတယ်။ဇနီးဖြစ်သူဆုံးသွားတာမကြာသေးဘူးဖြစ်တဲ့အတွက်စိတ်ဓာတ်တွေအလွန်အမင်းကျဆင်းပြီး သူ့ရဲ့တစ်ခုတည်းသောအလုပ်ဖြစ်တဲ့ ဓမ္မတေးသီချင်းခေါင်းဆောင်အလုပ်ကိုတောင်မလုပ်နိုင်တော့ပါဘူး။ဒီလိုနဲ့ကြောင်တွေ ပျောက်ရင်းအရက်တွေသောက်နေတုန်း ငယ်ငယ်တုန်းကသူ့ရဲ့ဂီတဆရာမနဲ့ဘားမှာပြန်တွေ့ခဲ့ပါတော့တယ်။ဆရာမရဲ့နာမည်က ခါလာဖြစ်ပြီးအခုအချိန်မှာတော့တော်တော်အသက်ကြီးနေခဲ့ပါပြီ။ခါလာနဲ့တွေ့ပြီးသိပ်မကြာခင်မှာပဲဂျူးရိုးရာရဲ့ ၁၃ နှစ်ပြည့်အထိမ်းအမှတ်ပွဲ bat mitzvah ကိုတစ်ခါမှမလုပ်ဖူးလို့ဆိုပြီး ခါလာကဘန့်ကိုပူဆာတဲ့အတွက် ဘန်လည်းမတတ်သာတဲ့အဆုံးခါလာ့အတွက် bat mitzvah ပွဲလုပ်ပေးဖို့လက်ခံလိုက်ပြီး တစ်ချိန်ကသူ့ဆရာမကိုအခုအချိန်မှာပြန်လည်သင်ကြားပေးနေရင်းနဲ့ နောက်ပိုင်းမှာဘယ်လိုရှုပ်ထွေးတဲ့ဒရာမာဇာတ်ထုတ်တွေကိုကြုံတွေ့ရမယ်ဆိုတာကိုကြည့်ရှုရမဲ့ ဂျူးဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။

Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments