Prev EP
Next EP
Light Off
Report
60 view
Server HY

All the Names of God: အကြမ်းဖက်ဝါဒ (terrorism)တစ်ကမ္ဘာလုံးက အစိုးရတွေရော၊ သာမန်လက်နက်မဲ့ပြည်သူတွေကိုပါ အနုနည်း၊ အကြမ်းနည်းနဲ့ ဒုက္ခပေးနေတဲ့ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်သမားတွေအကြောင်းကို နိုင်ငံတကာက ဇာတ်လမ်းအမျိုးမျိုး၊ ဝတ္တုအမျိုးမျိုးနဲ့ မရိုးနိုင်အောင်ရိုက်ကူးရေးသား ဖော်ပြခဲ့ကြ၊ ဖော်ပြနေကြဆဲပါ။အခုတင်ဆက်မယ့်ဇာတ်ကားလေးကလည်း အဲ့ထဲကတစ်ခုအပါအဝင်ဖြစ်ပါတယ်။
အကြမ်းဖက်သမားတွေရဲ့ အကျင့်အတိုင်း ဘာသာရေး၊ နိုင်ငံရေး၊ လူမျိုးစုကောင်းစားရေး စတဲ့မြင့်မြတ်သန့်စင်တဲ့အကြောင်းအရာတွေကို မစားရဝခမန်းပြောပြီး သူတို့လိုချင်တဲ့အရာကို သူရဲဘောနည်းစွာသူတို့ကိုယ်တိုင်မလုပ်ဘဲ အသိဉာဏ်နည်းပါးတဲ့ အူကြောင်ကြားတွေ၊ ဂေါက်သီးတွေ၊ စိတ်မူမမှန်သူတွေ၊ အစွန်းရောက်တွေကို ချကျွေးပြီး ယုတ်မာတာဟာ အကြမ်းဖက်ဝါဒပါပဲ။ဒီဇာတ်ကားထဲမှာလည်း ဘာသာရေးအကြောင်းပြပြီး လူငယ်သုံးယောက်ကို လေဆိပ်မှာ အသေခံဗုံးခွဲခိုင်းပါတယ်။ နှစ်ယောက်က အောင်မြင်စွာခွဲနိုင်ခဲ့ပေမယ့် တစ်ယောက်ကတော့ မအောင်မြင်ဘဲ လေဆိပ်ကနေ တက္ကစီသမားတစ်ယောက်ကိုတားစီးပြီး ကိုယ်လွတ်ရုန်းထွက်ပြေးတာနဲ့ ဇာတ်လမ်းစဖွင့်ပါတယ်။ဒဏ်ရာရသူထင်ပြီး ဆေးရုံပို့ပေးဖို့ စေတနာနဲ့တင်ခေါ်ခဲ့တဲ့ တက္ကစီသမားခမျာ သူ့နားထင်ကိုသေနတ်နဲ့အထောက်ခံပြီး ပြန်ပေးဆွဲခံရမှ အဖြစ်မှန်သိလိုက်ရပါတော့တယ်။ အဲ့ကတဆင့် တက္ကစီသမားနဲ့ မအောင်မြင်ခဲ့တဲ့အကြမ်းဖက်သမား ဘယ်လိုနှစ်ပါးသွားကြမလဲ၊ ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကရော ဗုံးခွဲတရားခံတွေနဲ့ တက္ကစီသမားကိုဓားစာခံလုပ်ထားတဲ့ အကြမ်းဖက်သမားကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှူကြရမှာပါ။Rating အများကြီးရမထားပေမယ့် ကျွန်တော့်အနေနဲ့ကတော့ ဇာတ်လမ်းအစမှအဆုံးထိ ဇာတ်အိမ်ခိုင်ခိုင်နဲ့ တောက်လျှောက်မလွတ်တမ်း ကြည့်ဖြစ်အောင် ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်လမ်း၊ အခက်အခဲကြုံရချိန်မှာ ရှိလာတတ်တဲ့ မိသားစုသံယောဇဥ်စိတ်ကိုဖော်ကျူးနိုင်တဲ့ ဇာတ်လမ်းအဖြစ် အသိအမှတ်ပြုမိပါတယ်။ဥရောပရုပ်ရှင်ဇာတ်ကားတွေထဲကမှ စပိန်ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း dialouge နည်းနည်း၊ idea များများ ပုံစံမျိုးနဲ့ လေးနက်တဲ့ရသတစ်မျိုး ခံစားမိမှာပါ။ စပိန်ဒါရိုက်တာ Daniel Calparsoro ကရိုက်ကူးပေးထားပြီး Luis Tosar၊ Inma Cuesta၊ Nourdin Batan၊ Patricia Vico၊ Lucas Nabor၊ Antonio Buil စတဲ့စပိန်သရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားပါတယ်။ IMDb rating 5.7 ရရှိထားပါတယ်။

Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments