Movie plot

The Thundermans Return: Marvel တို့ DC တို့လို သီအိုရီတွေ၊အပြိုင်စကြဝဠာတွေနဲ့
Superhero ဇာတ်ကားများကို ကြည့်ရတာ ငြီးငွေ့နေပါသလား၊အပြောင်းအလဲဖြစ်အောင် ပေါ့ပေါ့ပါးပါး ဇာတ်လမ်းဇာတ်ကွက်လေးနဲ့ စူပါဟီးရိုးကားတွေကို ရှာဖွေနေပါသလား၊ ဒါဆိုရင်တော့
Nickelodeon နဲ့ Paramount+ တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့Thundermans Return ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။Thundermans ဆိုတာကတော့ စွမ်းအားရှင်မိသားစုဖြစ်ပြီးဟီးရိုးအဖွဲ့အစည်းမှာ အချိန်ကာလတစ်ခုကြာ အတော်ဆုံးဟီးရိုးအဖွဲ့အဖြစ် ရပ်တည်လာခဲ့သူတွေပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့V-Team ဆိုတဲ့ ပြိုင်ဖက်ဟီးရိုးအဖွဲ့တစ်ဖွဲ့ပေါ်ပေါက်လာပါတယ်။နာမည်အကြီးဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို အပြိုင်အဆိုင်လုကြရင်းThundermans တို့ဟာ V-Team အဖွဲ့ဝင်တစ်ဦးကို မတော်တဆထိခိုက်ဒဏ်ရာပေးလိုက်မိတာကြောင့် အလုပ်ဖြုတ်ခံလိုက်ရပါတယ်။မိုးကြိုးလူသားတို့ ခေတ်ကုန်ပြီး V-Team ကြီးစိုးတဲ့ ခေတ်ရောက်သွားပေမဲ့ သူတို့အဖွဲ့မှာ လုံးဝ မထင်မှတ်ထားတဲ့လျှို့ဝှက်ချက်ရှိနေပါသေးတယ်။ အဲလျှို့ဝှက်ချက်ကိုThundermans တို့ သိသွားမလား ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုခံစားကြပါဦးနော်။ မိသားစုရဲ့အရေးပါမှုအကြောင်း ချစ်စရာ ဇာတ်လမ်းဇာတ်အိမ်လေးနဲ့ထည့်သွင်းပြသထားတာမို့ စူပါဟီးရိုးကြိုက်တဲ့ သားသားမီးမီးလေးတွေရှိရင်အတူကြည့်ရှုဖို့ အထူးသင့်လျော်ပါတယ်။

Show more...