A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

ရုပ်ရှင်လောကရဲ့ အရယ်ရဆုံးကားတွေထဲက တစ်ခုဖြစ်တဲ့ Ted ဟာ ရုပ်ရှင် ၂ ကားထွက်ရှိဖူးပြီးအခုကတော့ စီးရီးအနေနဲ့ထွက်လာပြီဖြစ်ပါတယ်။ ၇ ပိုင်းပါဝင်ပြီး တစ်ရက်တစ်ပိုင်းတင်ပေးသွားမှာပါ။ ရုပ်ရှင်ကို မီတဲ့ဟာသတွေနဲ့ အသံသရုပ်ဆောင်မူရင်းဖြစ်တဲ့ Seth MacFarlane ပဲ ပြန်ပါဝင်ထားတာမို့ တခွီးခွီးနဲ့နေအောင်ကြည့်ရမှာပါ။ ဝက်ဝံရုပ်လေးနဲ့ဆိုပြီး ကလေးတွေကိုတော့ သွားမပြပါနဲ့ အယုတ္တအနတ္တအစုံ ဆဲဆိုထားလို့ပါ။ ခေတ်ကိုတော့ ၁၉၉၀ ခုနှစ်ကို အခြေတည်ထားတာမို့ အဲဒီတုန်းက ထရန်းတွေနဲ့ ဓလေ့တွေကိုသိရင်ပိုပြီးတော့ ရယ်ရပါတယ်။ သူတို့ ၁၉၉၀ ကိုရွေးပြီး ရိုက်တာလည်းမှန်တယ်ပြောရမှာပါပဲ။ အဲဒီကာလက ခေတ်ဟောင်းက လူမျိုးရေးခွဲတာတွေ၊ အမျိုးသမီးဖိနှပ်တာတွေနဲ့ လက်ရှိခေတ်လို့ အသားကုန် မ woke သေးပဲ အသုံးအနှုန်းတွေ လူ့အခွင့်အရေးတွေ ဟိုနည်းနည်းဒီနည်းနည်းပါနေတဲ့ကာလမို့ ခွီလို့လှောင်လို့ အတော်ကိုကောင်းပါတယ်။ ဖာသာတွေက ကလေးတဏှာရူးတာတွေကို ဖဲ့တာတွေ၊ စတားလုံးတို့လို နာမည်ကျော်တွေကိုဖဲ့တာတွေ၊ အီတလီတွေကို လူမျိုးရေးလိုက်ခွီတာတွေ စတဲ့ အကြောင်းအရာအစုံကို ခွီထားတာမို့ ဖင်နာတတ်ရင်လည်း မကြည့်သင့်ပါဘူး။

ဒီရုပ်ရှင်မှာတော့ တက်ဒ်ပါမယ်၊ ဂျွန်နီ နဲ့ သူ့အဖေနဲ့အမေ မတ်တီ နဲ့ ဆန်ဇန်၊ သူ့အစ်မဝမ်းကွဲဘလဲရားတို့အဓိက ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ တက်ဒ်တစ်ယောက်အိမ်မှာ အလုပ်မရှိအကိုင်မရှိသောင်းကျန်းနေလို့ လိမ္မာအောင်ဆိုပြီး ဂျွန်နီနဲ့အတူ ကျောင်းတက်ခိုင်းလိုက်မိပါတယ်။ ကျောင်းက မြန်မြန်ထွက်ရပြီး အိမ်မှာပဲ တီဗီပြန်ကြည့်ချင်နေတဲ့ တက်ဒ်က ကျောင်းမှာ ပြဿနာမျိုးစုံရှာပေမဲ့ ကျောင်းထုတ်မခံရဘဲ ဆက်တိုက်ကံကောင်းနေတဲ့အခါ… ဘာတွေဆက်ဖြစ်မလဲ ကြည့်ရဦးပါလိမ့်မယ်။

In Ted, the series, it’s 1993 and Ted’s moment of fame has passed, leaving him living with his best friend, 16-year-old John Bennett (Burkholder), who lives in a working-class Boston home with his parents and cousin. Ted might not be the best influence on John, but when it comes right down to it, Ted’s willing to go out on a limb to help his friend and his family.

Show more...