A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Taken 2 (2012) Unrated Extended CutOld but gold ကားဟောင်းတွေကို Quality Update လုပ်ပြီး တင်ဆက်ပေးနေရာမှာ
ဒီတစ်ခါ အလှည့်ကျလာတာကတော့ မင်းသားကြီး Liam Neeson ရဲ့
Taken Trilogy Franchise ပဲ ဖြစ်ပါတယ်။ Liam Neeson နဲ့အတူ
မင်းသမီး Maggie Grace လည်း ပါဝင်ပြီး ကြည့်ပြီးသားသူတွေအတွက်တော့
အထူးပြောစရာမလိုသလို မကြည့်ရသေးတဲ့သူတွေအတွက်လည်း အချိန်ပေးရကျိုးနပ်စေမယ့် ကားတွေပါပဲ။
Taken 1 မှာတုန်းက ခရီးထွက်ရင်း ပြန်ပေးဆွဲခံလိုက်ရတဲ့ သူ့သမီးကို
CIA အေးဂျင့်ဟောင်းဖြစ်သူ ဘရိုင်ယန်က လူ ၁၂ သန်းလောက်ရှိတဲ့မြို့ထဲ
၇၂ နာရီအတွင်း ရှာတွေ့ခဲ့ပြီး ပြန်ပေးဆွဲဂိုဏ်းခေါင်းဆောင် မာကိုနဲ့ အပေါင်းအပါတွေကို
သုတ်သင်ရှင်းလင်းခဲ့ပါတယ်။ အခု Taken 2 မှာတော့ မာကို့ရဲ့အဖေဖြစ်သူ
အကြမ်းဖက်ဂိုဏ်းခေါင်းဆောင် မူရတ်က သူ့သား သေဆုံးရမှုအတွက်
ဘရိုင်ယန်တို့ မိသားစုကို ကလဲ့စားချေဖို့ ကြိုးစားမှာပဲဖြစ်ပါတယ်။အစ္စတန်ဘူလ်ကို ခရီးထွက်နေတဲ့ ဘရိုင်ယန်၊ သူ့မိန်းမနဲ့ သမီးဖြစ်သူတို့ကို
အကွက်ကျကျ စီစဉ်ပြီး ပြန်ပေးဆွဲ သတ်ဖြတ်ဖို့ကြံနေတဲ့ မူရတ်ရဲ့အစီအစဉ်ကြားက
ဘရိုင်ယန်တစ်ယောက် ဘယ်လိုဖောက်ထွက်မလဲဆိုတာကိုတော့
ဇာတ်လမ်းထဲမှာပဲ ရင်ခုန် စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုလိုက်ကြပါဦး။(ရုပ်ရှင်အညွှန်းနှင့်ဘာသာပြန်ကိုတော့ Emily မှ တင်ဆက်ထားပါတယ်။)

The retired CIA agent Bryan Mills invites his teenage daughter Kim and his ex-wife Lenore, who has separated from her second husband, to spend a couple of days in Istanbul where he is working. Meanwhile, the patriarch of the community of the Albanian gang of human trafficking, Murad Krasniqi, seeks revenge for the death of his son and organizes another gang to kidnap Bryan and his family. Bryan and Lenore are abducted by the Albanians, but Kim escapes and is the only hope that Bryan has to escape and save Lenore. Written by Claudio Carvalho, Rio de Janeiro, Brazil

Show more...