A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Something in The Water ကတော့ နာမည်အတိုင်း
ရေထဲမှာရှိနေတဲ့အရာတစ်ခုခုဟာ ငါးမန်းဆိုတာကိုရုပ်ရှင်ကြည့်ပရိသတ်တွေရိပ်မိကြမှာပါ။ ၂၀၂၄ မေလ၃ ရက်ကမှထွက်ရှိထားတဲ့ငါးမန်းရုပ်ရှင်သစ်က
Mystery ၊ Thriller အမျိုးအစားဖြစ်ပြီး ပင်လယ်ထဲကိုစွန့်စားခန်းထွက်မယ့်ဇာတ်ကောင်တွေက အမိုက်စားကောင်မလေးငါးယောက်ဖြစ်တဲ့အတွက် ပရိသတ်တွေကိုဆွဲဆောင်နိုင်မယ့်ဇာတ်ကားတစ်ခုပါပဲ။ဇာတ်လမ်းအကျဉ်း***************
မက်ဂ်၊ လစ်ဇီ၊ ကမ်၊ ရု့သ်နဲ့ကေလာတို့သူငယ်ချင်းငါးယောက်ဟာ တစ်ယောက်အကြောင်းတစ်ယောက်အတွင်းကျကျသိရှိထားကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပါတယ်။ သူတို့ထဲက မက်ဂ်နဲ့ကေလာကတော့တစ်ဘဝလုံးစာအထိရည်ရွယ်ထားကြတဲ့လိင်တူချစ်သူတွေဖြစ်ပါတယ်။ တစ်ရက်မှာတော့ လစ်ဇီကို ကမ်ရဲ့အစ်ကိုဖြစ်တဲ့ဒွန်က လက်ထပ်ခွင့်တောင်းလိုက်တဲ့အတွက်မင်္ဂလာဆောင်ကို ကမ်းခြေမှာသွားလုပ်ဖို့စီစဉ်ခဲ့ကြပါတော့တယ်။ လစ်ဇီရဲ့မင်္ဂလာဆောင်အတွက် ပြဿနာတွေကြောင့်ခဏတာဝေးကွာနေတဲ့မက်ဂ်နဲ့ကေလာလည်းကမ်းခြေကိုရောက်ရှိလာခဲ့ပါတယ်။ လစ်ဇီရဲ့မင်္ဂလာဆောင်မတိုင်မီတစ်ရက်မှာတော့ ကမ်က ဟိုတယ်ရဲ့လှေနဲ့အလည်အပတ်ခရီးကိုမလိုက်ဘဲ လှေငယ်လေးတစ်စီးနဲ့ပင်လယ်ထဲကိုသူငယ်ချင်းငါးယောက်စွန့်စားခန်းထွက်ဖို့လုပ်ပါတော့တယ်။ခရီးစဉ်ရဲ့တကယ့်ရည်ရွယ်ချက်က မက်ဂ်နဲ့ကေလာကိုပြန်တွဲအောင်လုပ်ပေးဖို့ဖြစ်တာကြောင့် ဝေးလံတဲ့နေရာကလူမရှိတဲ့ကျွန်းတစ်ခုအထိသွားခဲ့ကြပါတယ်။ အစောပိုင်းမှာအဆင်ပြေနေခဲ့ပေမယ့် သူတို့ရောက်နေတဲ့ရေပိုင်နက်ဟာငါးမန်းတွေကျက်စားရာနေရာမှန်းသိလိုက်ရတဲ့အခါမှာတော့သူငယ်ချင်းငါးယောက်ဟာ မင်္ဂလာပွဲအတွက် အိမ်ပြန်နိုင်ဦးမှာလားဆိုတာ ဆက်လက်ကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်။

A group of five friends must fight for their lives in open water after a dream wedding turns into a nightmare.

Show more...
Download Quality File Size Language Click
Link 1 1080p 2.58 Gb Myanmar HardSub 0