Movie plot

Shortcut : တစ်ကျောင်းတည်းနေ လူငယ်ငါးယောက်ဖြစ်တဲ့ နိုလန်၊ဘတ်စ်၊ရယ်ဂျီ၊ကွီနီနဲ့ကားလ်တို့ဟာ သူတို့ကားဒရိုင်ဘာကြီး ဂျိုးဆက်ဖ်နဲ့အတူ field trip တစ်ခုထွက်လာခဲ့ပါတယ်။
တစ်ဖြည်းဖြည်းခရီးရောက်လာရင်း သူတို့လမ်းပေါ်မှာသစ်ပင်တစ်ပင်လဲကျနေတဲ့အတွက် တစ်ခြားလမ်းကြောင်းတစ်ခုကနေပြောင်းသွားခဲ့ရပါတယ်။ဒီလမ်းမှာလဲ သမင်သေတစ်ကောင်ကန့်လန့်ခံနေတဲ့အတွက် ဆင်းဖယ်နေချိန်မှာ သူတို့ကားပေါ်ကိုသေနတ်ကိုင်လူသတ်သမားတစ်ယောက်တက်လာပြီး ကားကိုပြန်ပေးဆွဲပါတော့တယ်။တစ်ယောက်တည်းပေမယ့် လက်နက်ကိုင်ထားတာရယ်၊ လူငယ်တွေဖြစ်တာရယ်ကြောင့် ပြန်ပေးသမားခိုင်းတဲ့လမ်းကြောင်းအတိုင်း
မောင်းရင်း လှိုဏ်ခေါင်းတစ်ခုကိုအဝင်မှာတော့ အဖြေရှာမရပဲ ကားထိုးရပ်သွားသလို ထူးဆန်းတဲ့သတ္တဝါကြီးတစ်ကောင်ရဲ့ဟိန်းသံကိုလည်းကြားလိုက်ရတဲ့ နောက်မှာတော့ သူတို့အားလုံးဟာ ပြန်ပေးသမားထက်အဆပေါင်းများစွာပို ကြောက်ဖို့ကောင်းတဲ့အန္တရာယ်နဲ့ရင်ဆိုင်ရဖို့ဖြစ်လာပါတော့တယ်။
creature features horror ဇာတ်ကားတစ်ကားဖြစ်တာနဲ့အညီ အဲ့ဒီဇာတ်လမ်းတွေမှာပါသင့်ပါထိုက်တဲ့အင်္ဂါရပ်တွေနဲ့ဖွဲ့စည်းထားပါတယ်။Genre ပရိသတ်တွေအကြိုက်တွေ့မယ့်ကားမျိုးပါပဲ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )

A mysterious creature terrorizes five teenage friends after their bus takes a shortcut on a desolate road in the wild.

Show more...