Movie plot

Shaitaan: အားလုံးစောင့်မျှော်နေကြတဲ့ မင်းသားကြီးအဂျေးရဲ့ ရှိုက်တန်ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။မိသားစုဝင်လေးယောက်မှာ အိမ်ထောင်ဦးစီးကာရိုက်တာနဲ့ အဂျေးရဲ့ Remakeရိုက်ခဲ့သမျှရုပ်ရှင်တိုင်းကကြီးမားတဲ့အောင်မြင်မှုတွေ ရခဲ့တယ်လို့ ဆိုရမှာပါပဲ။
ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကလည်း လက်ပွားမင်းသားရဲ့ Super 30(2019)၊ နောက် မကြာသေးခင်ကမှ ကျွန်တော်တို့ ဘောလိ၀ုဒ်တီးမ်ကဘာသာပြန်တင်ဆက်ပေးခဲ့တဲ့ Sunflower (2021)ရုပ်ရှင်စီးရီးတို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး Vikas Bahl။အဂျေးအပြင် တခြားသရုပ်ဆောင်တွေကြည့်မယ်ဆိုရင်လည်း ကျောင်းအုပ်ဆရာမကြီးရုပ်ရှင် Raatchasi (2019)ထဲကတောင်ပိုင်းမင်းသမီးကြီး ဂျိုသီကာ၊ 3 Idiots(2009)ထဲက ကျွန်တော်တို့ရဲ့ဓာတ်ပုံဆရာကြီး ဖာဟန်တို့အပြင်အခုတင်ဆက်ပေးလိုက်တဲ့ ရှိုက်တန်ရုပ်ရှင်ရဲ့ မူရင်းရုပ်ရှင် Vash (2023)ထဲက မင်းသမီးချောလေးဂျန်ကီဘိုဒီဝါလာပါပါဝင်ထားပါတယ်။ ရူပီး ကုဋေခြောက်ဆယ်ဝန်းကျင်သုံးခဲ့တဲ့ ဒီရုပ်ရှင်က ၂၁၁ကုဋေကျော်တဲ့အထိ ပြန်လည်ရရှိခဲ့ပါတယ်။မူရင်းရုပ်ရှင် Vash (2023)ကို ကြည့်ပြီးသူတွေကတော့ ဇာတ်လမ်းကိုသိပြီးသားဖြစ်မှာဆိုပေမဲ့တင်ဆက်ပုံကွဲပြားတဲ့အတွက် မတူညီတဲ့ရသကို ခံစားရစေမှာပါ။စေတန်တဲ့…။ မကောင်းဆိုးဝါးလို့ပဲ လွယ်လွယ်ခေါ်ကြပါစို့။ဒီမကောင်းဆိုးဝါးက ဘယ်သူ့ကိုကိုယ်စားပြုမှာလဲ။သိပ္ပံပညာ တိုးတက်လာတာနဲ့အမျှ အရာရာကို သိပ္ပံနဲ့ဖြေရှင်းလို့ရ‌လာ‌ပေမဲ့ ‌အောက်လမ်း၊ အထက်လမ်း၊ သရဲတစ္ဆေနဲ့ ပရလောကဆိုတဲ့သိပ္ပံပညာနဲ့ ရှင်းမရတဲ့ပြဿနာတွေ လောကမှာ ဒုနဲ့ဒေး။ အခုတင်ဆက်ပေးလိုက်တဲ့ရုပ်ရှင်ဆိုတာလည်း ဒီလိုဖြစ်ရပ်တွေထဲကတစ်ခုပေါ့။ချစ်စရာကောင်းတဲ့ သားငယ်လေးရယ် သမီးကြီးရယ်နဲ့ ဇနီးချောလေးကို ပိုင်ဆိုင်ထားတဲ့ ကဘီးရ်ကတော့သာယာချမ်းမြေ့တဲ့မိသားစုလေးရဲ့ အိမ်ထောင်ဦးစီးကြီးတစ်ယောက်။တစ်နေ့ သူတို့မိသားစု အပန်းဖြေအိမ်ကို အပျော်ခရီးထွက်လာကြတဲ့အချိန်မှာတော့ဘယ်ကမှန်းမသိတဲ့ သူစိမ်းတစ်ယောက်နဲ့တွေ့ရာကစပါတယ်။အပျော်ထွက်လာတဲ့ခရီးက သူစိမ်းတစ်ယောက်ကြောင့် ဝမ်းနည်းစရာတွေကြုံတွေ့လာရတဲ့အချိန်မှာတော့ကဘီးရ်တစ်ယောက် မိသားစုကိုကာကွယ်ဖို့ ဘယ်လိုရင်ဆိုင်တိုက်ခိုက်မလဲဆိုတာခံစားကြည့်ရှုကြပါဦး။

Show more...