A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Light Off
Report
52 view

Poker Night: Breaking Bad ထဲမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ Giancarlo
Esposito တို့ ဇာတ်ကြမ်းမင်းသားကြီး Ron Perlman တို့အပြင် တခြားသောဂန္တဝင်မင်းသားကြီးတွေပါဝင် သရုပ်ဆောင်ခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Old But Gold
ဇာတ်ကားဟောင်းလေးတစ်ကားကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Poker Night ဖြစ်ပြီး IMDbRating 6.2 အထိရရှိခဲ့တဲ့ မှုခင်းသည်းထိပ်ရင်ဖိုဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။လူရယ်လို့ ဖြစ်လာရင် ဉာဏ်ပညာနဲ့ လွန်မှရတဲ့ အသိဆိုတာလူတိုင်းမှာရှိစမြဲပါပဲ။ဉာဏ်ပညာဆိုတဲ့အရာမှာ အတွေ့အကြုံကနေရလာတဲ့ ဉာဏ်ပညာတွေက ပြဿနာတစ်ခုခု ကြုံလာရရင်ကိုယ့်ကိုချက်ချင်း မကူညီပေးနိုင်ပဲနဲ့ နောက်တစ်ခါကျရင် အဲ့လိုထပ်မဖြစ်အောင် ကူညီပေးနိုင်လောက်တဲ့အထိပဲစွမ်းဆောင်ပေးနိုင်ပါတယ်။ထိုနည်းတူ လွန်မှရတဲ့ အသိဆိုတာကလည်းကိုယ်တစ်ခုခု အမှားလုပ်မိလိုက်တော့မှ သိလာရတဲ့အသိမျိုးဖြစ်တဲ့အတွက် ကိုယ့်အတွက်ကတော့ အရမ်းကြီးအရေးမပါလှပါဘူး။ဒါပေမယ့်ရဲတွေ စုံထောက်တွေရဲ့လုပ်ငန်းခွင်မှာတော့ အဲ့ဒီဉာဏ်ပညာနဲ့ လွန်မှရတဲ့အသိဆိုတာမျိုးက ကိုယ့်နောက်ကရောက်လာတဲ့နောင်လာနောက်သားလူသစ်တွေအတွက်ကတော့ အရမ်းအရေးကြီးလွန်းပါတယ်။အဲ့လို ကိုယ့်အတွေ့အကြုံတွေကို မျှဝေမှပဲလူသစ်တွေကကိုယ်မှားခဲ့တဲ့ အမှားတွေထပ်မဖြစ်တော့ပဲနဲ့ မှုခင်းတွေကို အန္တရာယ်ကင်းကင်း ကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။အဲ့ဒီလိုမျိုး ကိုယ်ဖြစ်ခဲ့ဖူးတဲ့ ဇာတ်လမ်းတွေကိုပြန်လည်မျှဝေဖို့အတွက်ဇာတ်ကားနာမည်အတိုင်း ပိုကာကစားတဲ့ညတစ်ည သတ်မှတ်ထားကြပြီး အဲ့ဒီညမှာအကြမ်းဆုံးရဲတွေစုစည်းပြီး ကိုယ်ကြုံတွေ့ခဲ့ရတဲ့ ဇာတ်လမ်းတွေကိုလူသစ်လေးတွေကိုပြောပြကြပါတယ်။ဒီတစ်ခါမှာတော့ လူသစ်လေးကစတန်လို့ ခေါ်တဲ့ထူးချွန်ရဲတစ်ယောက်ဖြစ်ပြီး ရဲသားရာထူးကနေစုံထောက်ရာထူးကို တက်လှမ်းတော့မှာဖြစ်တဲ့အတွက် သူသိသင့်သိထိုက်တဲ့ပညာတွေကို ပိုကာကစားရင်းနဲ့ပြောပြနေကြပါတော့တယ်။ဖြစ်ချင်တော့အဲ့ဒီကနေအပြန်မှာပဲလူဆိုးတစ်ယောက်ရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပြီး သူသင်ယူထားတဲ့ပညာတွေကို ချက်ချင်းကြီ းပြန်အသုံးချဖို့လိုလာတဲ့အခါမှာတော့သူ့ရဲ့စီနီယာကြီးတွေဆီက ရထားတဲ့ဉာဏ်ပညာနဲ့ လွန်မှရတဲ့အသိတွေကိုပေါင်းစပ်ပြီး လွတ်မြောက်အောင်လုပ်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားစရာကောင်းကောင်းနဲ့ ကြည့်ရှုရမဲ့ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။

When you become a detective in Warsaw Indiana – you go to Poker Night, where you play against some of the best cops in the business. They tell you stories about their time on the job – their successes and failures. When new Detective Stan Jeter leaves the game, he is caught by a vicious psychopath and locked in a basement. Using the stories he heard at Poker Night, he must match wits against his captor – and save not only himself, but the young girl trapped in the basement with him. Like Seven and Usual Suspect, Poker Night combines thrills and twists and turns that will leave you guessing till the very end. Written by Anonymous

Server HYServer HE
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments